အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ မိနစ်အနည်းငယ်တည်းနဲ့ အမြန်စားကြော်ချက်နိုင်တဲ့ ခေါက်ဆွဲကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ၂၂၀ ဂရမ်
  • ကြက်သား (သို့) ဝက်သား (သို့) အမဲသား (သို့) ပုစွန် ၂၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ၆၀ မီလီလီတာ

  • ပဲငံပြာ်ရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန်ညှင်းရွက်အနည်းငယ်နှင့် ကြက်သွန်မြိတ် ၆ ပင် (ပါးပါးလှီးထားပါ)
  • ထောင်းထားသောဂျင်း စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲကို ရေနွေးပူထဲတွင် ၅ မိနစ်မှ ၇ မိနစ်အထိ စိမ်ထားလိုက်ပါ။

ခေါက်ဆွဲပြုတ် စိမ်ထားတဲ့အချိန်မှာ အခြားပန်းကန်လုံးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော အသား၊ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည်အနှောက်၊ သကြားနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းထည့်ပါ။ ကြက်သွန်မြိတ် တစ်ဝက်ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။

၃။ ထို့နောက် အသားထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။ အသားကျက်သွားပါက မုန်ညှင်းရွက်နှင့် ကျန်ရှိနေတဲ့ ကြက်သွန်မြိတ်တစ်ဝက်ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ကြက်ပြုတ်ရည်ဆော့စ် လောင်းထည့်ကာ သမအောင် မွှေပြီးနောက် ခေါက်ဆွဲများ ထည့်လိုက်ပါ။ ကြက်ပြုတ်ရည်များ ခမ်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com