ခေါက်ဆွဲပြုတ် စားရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကင်ချီခေါက်ဆွဲပြုတ် ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ၁၂၅ ဂရမ်နှင့် ကင်ချီအရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၂ လီတာ

  • ခေါက်ဆွဲ ၁၈၀ ဂရမ်
  • မုန်ညှင်းရွက် အနည်းငယ်
  • ကြက်ဥ ၂ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကင်ချီကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ကင်ချီအရည်၊ ငရုတ်သီးအနှစ်၊ ပဲငံပြာရည်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီးနောက် ကြက်ပြုတ်ရည်ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ခေါက်ဆွဲနှင့် မုန်ညှင်းရွက်တို့ထည့်ကာ ၂ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ ထို့နောက် ကြက်ဥကို ဖောက်ထည့်လိုက်ပါ။ ကြက်ဥ မကျက်တကျက်အချိန်မှာ အဆင့် (၁) က မွှေထားသော ကင်ချီအနှစ်များကို ခေါက်ဆွဲအိုးထဲ ထည့်ပြုတ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကင်ချီခေါက်ဆွဲပြုတ်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com