အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတိုင်း ဟင်းရည်ပူပူလေးပါမှ ထမင်းစားမြိန်တယ်ဆိုတဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ ပဲပြား ပုစွန်ဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုစွန် ၄၅၀ ဂရမ် (ရေဖြင့်ဆေးကြောပြီး အခွံခွာထားလိုက်ပါ)
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဝက်
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
- နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- မှို ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
- ကြက်ပြုတ်ရည် ၁ လီတာ
- ပဲပြား ၄၀၀ ဂရမ် (အနေတော် အတုံးတုံးထားပါ)
- ကိုက်လန် ၄ ရွက် (ပါးပါးလှီးထားပါ)
- ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။
၂။ အိုးတစ်လုံးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် မှိုထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။
၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကိုက်လန်ရွက်နှင့် ပုစွန်တို့ထည့်ကာ ၂ မိနစ်ခန့် တည်ပါ။ ထို့နောက် ပဲပြားထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားပါ။
၄။ ကိုက်လန်ရွက်နှင့် ပုစွန်တို့ နူးအိသွားပြီဆိုရင်တော့ ပဲငံပြာရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ဆား ထပ်ထည့်နိုင်ပါတယ်။
ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲပြား ပုစွန်ဟင်းရည်လေး ရရှိသွားပါပြီ။
ထမင်းနဲ့အတူတူ အရသာရှိရှိ အားရပါးရ သုံးဆောင်နိုင်ပါပြီ။
Source : Omnivorescookbook.com