အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတိုင်း ဟင်းရည်ပူပူလေးပါမှ ထမင်းစားမြိန်တယ်ဆိုတဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ ပဲပြား ပုစွန်ဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၄၅၀ ဂရမ် (ရေဖြင့်ဆေးကြောပြီး အခွံခွာထားလိုက်ပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • မှို ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၁ လီတာ
  • ပဲပြား ၄၀၀ ဂရမ် (အနေတော် အတုံးတုံးထားပါ)
  • ကိုက်လန် ၄ ရွက် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် မှိုထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကိုက်လန်ရွက်နှင့် ပုစွန်တို့ထည့်ကာ ၂ မိနစ်ခန့် တည်ပါ။ ထို့နောက် ပဲပြားထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားပါ။

၄။ ကိုက်လန်ရွက်နှင့် ပုစွန်တို့ နူးအိသွားပြီဆိုရင်တော့ ပဲငံပြာရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ဆား ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲပြား ပုစွန်ဟင်းရည်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source : Omnivorescookbook.com