အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ၁၅ မိနစ်တည်းနဲ့ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ၂၂၅ ဂရမ်
  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်ဥ ၄ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • ခရမ်းချဉ်သီး ၄ လုံး (အတုံး ခပ်သေးသေး တုံးထားပါ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေအပြည့်ထည့်ပြီး တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ခေါက်ဆွဲထည့်ပြုတ်လိုက်ပါ။ ထို့နောက် ခေါက်ဆွဲဖတ်များကို ဆယ်ယူကာ အအေးခံထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ပြီး မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီ စားပွဲတင်ဇွန်းတစ်ဝက်၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီးထည့်ပြီး ၂ မိနစ်ခန့် တည်ထားလိုက်ပါ။ ပြီးရင်တော့ ပဲငံပြာရည်ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်ဥကြော်၊ ဆားနှင့် သကြားတို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ ရရှိလာတဲ့ ခရမ်းချဉ်သီး ကြက်ဥကြော်ကို ခေါက်ဆွဲပေါ်လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

အရသာ အစပ်အဟပ်တည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com