အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကင်မ်ချီကို အရသာရှိရှိ ဘယ်လိုလုပ်စားလို့ရသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ ကင်မ်ချီနဲ့ လုပ်လို့ရတဲ့ အစားစာ (၄) မျိုးဆိုတော့ စာဖတ်သူတို့ နှစ်သက်တဲ့အစားအစာတွေလည်း ပါမယ်လို့ ယုံကြည်ပါတယ်နော်။

၁။ ကင်မ်ချီဖက်ထုပ်

ကင်မ်ချီဖက်ထုပ်က ကိုးရီးယားမှာ နာမည်ကျော်တဲ့အစားအစာဖြစ်ပါတယ်။ ကင်မ်ချီရယ်၊ အသားတောက်တော်စဉ်းရယ်ဖက်ထုပ်ထဲထည်ထုပ်လိုက်ပြီး ကြော်စား၊ ပေါင်းစားနိုင်ပါတယ်နော်။

၂။ ကင်မ်ချီထမင်းကြော်

ကင်မ်ချီကို အရသာရှိရှိတွဲစားနည်း (၄) မျိုး

ကင်မ်ချီထမင်းကြော်ရ လုပ်ရတာလည်းလွယ်ကူပြီး အရသာလည်းရှိပါတယ်။ ထမင်းကိုရိုးရိုးကြော်တာမျိုးမဟုတ်ဘဲ ထမင်း၊ ဝက်ပေါင်ခြောက်နဲ့ ကင်မ်ချီလေး ထည့်ကြော်ရင် အရသာရှိတဲ့ထမင်းကြော်လေးတစ်ခွက် ရလာမှာပါ။

၃။ ကင်မ်ချီဟင်းရည်

ကင်မ်ချီ ဟင်းရည်ကလည်း အရသာရှိပါတယ်။ ဝက်သား၊ တို့ဖူး၊ ကင်မ်ချီတို့အတူတူရောပြီး ချက်စားလို့ရပါတယ်နော်။

၄။ တို့ဖူးကင်မ်ချီ

တို့ဖူးကင်မ်ချီကလည်း အရသာရှိလှပါတယ်။ ကင်မ်ချီရယ်၊ ဝက်သားရယ်ရောကြော်လိုက်ပြီး တို့ဖူးနဲ့ တို့စားလို့ရပါတယ်။

Source: www.mykoreankitchen.com

By: MyFood Myanmar