ထမင်း၊ ဟင်း ချက်ပြုတ်ပြီးတဲ့အခါ သင့်ရဲ့ မီးဖိုချောင်က သားငါးနံ့၊ ငါးညှီနံ့၊ မီးခိုးနံ့ စတဲ့ အနံ့ပေါင်းစုံကြောင့် စိတ်ညစ်နေရပြီလား။ ထိုအနံ့တွေက အချိန်အတော်ကြာတဲ့အထိ မီးဖိုထဲမှာ စွဲကပ်နေလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေကို အသုံးပြုပေးလိုက်ပါ။

လိမ္မော်ခွံ အသုံးပြုပါ

အိုးတစ်လုံးထဲသို့ ရေထည့်ကာ လိမ္မော်ခွံနဲ့ သစ်ကြမ်းပိုးခေါက်တို့ထည့်ပြီး မိနစ်အနည်းငယ်ခန့် ပြုတ်ပေးလိုက်ပါ။ ပွက်ပွက်ဆူလာပါက မီးဖိုကို ပိတ်ပြီး အိုးအဖုံးဖွင့်ထားကာ မီးဖိုချောင်ထဲမှာ တစ်နေ့လုံး ထားထားလိုက်ပါ။ မီးဖိုချောင်က အနံ့အသက်အားလုံးက ထိုအိုးထဲက လိမ္မော်ခွံက စုပ်ယူပေးသွားပါလိမ့်မယ်။

ပေါင်မုန့်မီးကင်စက် အသုံးပြုပါ

ပေါင်မုန့်မီးကင်စက် အသုံးပြုပြီး ပေါင်မုန့်ကင်ပေးလိုက်ပါ။ စစချင်းမှာတော့ ပေါင်မုန့်မီးကင်တဲ့ အနံ့က နံနေပါလိမ့်မယ်။ ဒါပေမဲ့ မိနစ်အနည်းငယ်ကြာတဲ့အခါ စောစောက နံနေတဲ့ အနံ့အသက်ဆိုးတွေရော ပေါင်မုန့်မီးကင်နံ့ပါ ပျောက်ကွယ်သွားပါလိမ့်မယ်။

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို ဖယ်ရှားဖို့အတွက်

ပန်းကန်ပြား တစ်ချပ်ထဲသို့ မုန့်ဖုတ်ဆိုဒါလေး ထည့်ကာ ထိုပန်းကန်ကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ တစ်နေ့လောက် ထည့်ထားမယ်ဆိုရင်ပဲ အနံ့အသက်ဆိုးတွေ ပျောက်သွားပါလိမ့်မယ်။

အရမ်းပြင်းတဲ့ အနံ့တွေအတွက်ဆိုရင်တော့ ကော်ဖီမှုန့်အကြမ်း အသုံးပြုနိုင်ပါတယ်။ ကော်ဖီအကြမ်းမှုန့်ကို ရေခဲသေတ္တာထဲမှာ ရက်ပေါင်းများစွာ ထားထားပေးမယ်ဆိုရင် အလွန်ပြင်းတဲ့အနံ့တွေအတွက် အသုံးတည့်ပါတယ်။

နောက်နည်းလမ်းတစ်မျိုးကတော့ သံပုယို ရေနွေးပူဖြင့် ပေါင်းခြင်းပါ

အရင်ဦးဆုံး ရေခဲသေတ္တာထဲက အစားအစာများအားလုံးကို ရေခဲများထည့်ထားတဲ့ ဘူးထဲ ပြောင်းထည့်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာမီးကို ပိတ်ထားလိုက်ပါ။ သံပုယိုသီး တစ်လုံးကို ရေထဲ ညှစ်ထည့်လိုက်ပါ။ ပြီးရင် သံပုယိုခွံများကိုလည်း တစ်ပါတည်း ထည့်လိုက်ပါ။ ထို့နောက် ထိုရေကို အပူပေးလိုက်ပါ။ ပွက်ပွက်ဆူလာပါက ပန်းကန်လုံးတစ်လုံးထဲပြောင်းထည့်ပါ။ ထိုပန်းကန်လုံးကို ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ်ခန့် ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာနံရံမှာ စုနေတဲ့ ရေခဲအစိုင်အခဲများကိုရော အနံ့အသက်ဆိုးများကိုပါ ဖယ်ရှားပေးပါလိမ့်မယ်။

Source: Readersdigest.ca