(Unicode)
အားလုံးပဲ မင်္ဂလာပါ။ မဆလာနံ့လေး သင်းနေတဲ့ အာလူးဟင်းကို လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလူမျိုးမရွေး ဘာသာမရွေး စားသုံးနိုင်တဲ့ အာလူးဟင်းကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးနဲ့ အရသာရှိအောင် ဘယ်လိုချက်ပြုတ်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်နီအသေး တစ်လုံး (ပါးပါးလှီးထားပါ)
- ငရုတ်ပွအစိမ်း တစ်ဝက် (ပါးပါးလှီးထားပါ)၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်သီး တစ်တောင့် (ပါးပါးလှီးထားပါ)
- ထောင်းထားေးသာ ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- အာလူး ၃ လုံး (အနေတော်အတုံး တုံးထားပါ)
- ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေနွေး ၂၀၀ မီလီလီတာ
- ပါးပါးလှီးထားသော တရုတ်နံနံ စားပွဲတင်ဇွန်း ၁ ဇွန်း
- မဆလာ လက်ဖက်ရည်ဇွန်းတစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။
၂။ ငရုတ်ပွထည့်ပြီး ၂ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ထောင်းထားသော ဂျင်းအဖတ်များထည့်ပြီးနောက် သမအောင် ထပ်မွှေပေးလိုက်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အာလူးတုံးများထည့်ရပါမယ်။ သမအောင် နယ်ပြီးတဲ့နောက်မှာ ငရုတ်သီးမှုန့်၊ ငရုတ်သီးတောင့်နှင့် ဆားတိုပထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။
၄။ ထို့နောက် ရေနွေးထည့်ကာ ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၅။ ရေ ပွက်ပွက်ဆူလာပြီး အာလူးများ နူးအိသွားပြီဆိုရင်တော့ တရုတ်နံနံနှင့် မဆလာလေး ထည့်ပေးလိုက်ပါ။ သမအောင် နယ်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အာလူးဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။
Source: Neilshealthymeals.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ မဆလာနံ႔ေလး သင္းေနတဲ့ အာလူးဟင္းကို လူႀကီး လူငယ္မေရြး ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒီလိုလူမ်ိဳးမေရြး ဘာသာမေရြး စားသံုးႏိုင္တဲ့ အာလူးဟင္းကို ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးနဲ႔ အရသာရွိေအာင္ ဘယ္လိုခ်က္ျပဳတ္မလဲဆိုတာကို ေလ့လာၾကည့္လိုက္ရေအာင္။
ပါဝင္ပစၥည္းမ်ား
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ၾကက္သြန္နီအေသး တစ္လံုး (ပါးပါးလွီးထားပါ)
- ငရုတ္ပြအစိမ္း တစ္ဝက္ (ပါးပါးလွီးထားပါ)၊ ငရုတ္သီးမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဝက္ႏွင့္ ငရုတ္သီး တစ္ေတာင့္ (ပါးပါးလွီးထားပါ)
- ေထာင္းထားေးသာ ဂ်င္း စားပြဲတင္ဇြန္း ၁ ဇြန္း
- နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
- အာလူး ၃ လံုး (အေနေတာ္အတံုး တံုးထားပါ)
- ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္း
- ေရေႏြး ၂၀၀ မီလီလီတာ
- ပါးပါးလွီးထားေသာ တရုတ္နံနံ စားပြဲတင္ဇြန္း ၁ ဇြန္း
- မဆလာ လက္ဖက္ရည္ဇြန္းတစ္ဝက္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ၾကက္သြန္နီထည့္ကာ ၂ မိနစ္၊ ၃ မိနစ္ခန္႔ ဆီသတ္ေပးလိုက္ပါ။
၂။ ငရုတ္ပြထည့္ၿပီး ၂ မိနစ္ခန္႔ ထပ္ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေထာင္းထားေသာ ဂ်င္းအဖတ္မ်ားထည့္ၿပီးေနာက္ သမေအာင္ ထပ္ေမႊေပးလိုက္ပါ။
၃။ ေနာက္တစ္ဆင့္အေနနဲ႔ အဓိကပါဝင္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ အာလူးတံုးမ်ားထည့္ရပါမယ္။ သမေအာင္ နယ္ၿပီးတဲ့ေနာက္မွာ ငရုတ္သီးမႈန္႔၊ ငရုတ္သီးေတာင့္ႏွင့္ ဆားတိဳပထည့္ၿပီး ၂ မိနစ္ခန္႔ ေမႊေပးလိုက္ပါ။
၄။ ထို႔ေနာက္ ေရေႏြးထည့္ကာ ၁၀ မိနစ္ခန္႔ ဆူပြက္လာေအာင္ တည္ထားလိုက္ပါ။
၅။ ေရ ပြက္ပြက္ဆူလာၿပီး အာလူးမ်ား ႏူးအိသြားၿပီဆိုရင္ေတာ့ တရုတ္နံနံႏွင့္ မဆလာေလး ထည့္ေပးလိုက္ပါ။ သမေအာင္ နယ္ၿပီးတဲ့ေနာက္မွာေတာ့ မီးဖိုေပၚက ခ်လိုက္လို႔ရပါၿပီ။
ဒါဆိုရင္ေတာ့ အနံ႔ေမႊးေမႊးေလးနဲ႔ အရသာရွိတဲ့ အာလူးဟင္းေလး ရရွိသြားပါၿပီ။ ထမင္းနဲ႔အတူတူ အရသာရွိရွိ သံုးေဆာင္လိုက္ပါ။
Source: Neilshealthymeals.com