အားလုံးပဲ မင်္ဂလာပါ။ အစားအစာများ ချက်ပြုတ်ပြင်ဆင်သူတစ်ယောက်အတွက် တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့ နည်းဗျူဟာ တစ်ခုပဲဖြစ်ပါတယ်။ မိမိမှာရှိပြီးသားဖြစ်တဲ့ ပါဝင်ပစ္စည်းများနဲ့ အရသာရှိတဲ့ ဟင်းလျာတစ်ခွက်ကို အချိန်တိုအတွင်း ချက်ပြုတ်ပြင်ဆင်နိုင်ဖို့ အခုဖော်ပြမယ့် နည်းလမ်းတွေကို အသုံးပြုကြည့်လိုက်ပါ။

စဉ်းနှီးတုံး လှီးနေရင်းနဲ့ အမှိုက်တွေကို တစ်ခါတည်း ဘယ်လိုသိမ်းရမလဲ

ကိတ်မုန့်စက္ကူဘူးလေးတွေ၊ ဂျေဒိုးနတ်ဘူးတွေ ရှိပါလိမ့်မယ်။ ထိုဘူးတွေကို မလွှင့်ပစ်လိုက်ပါနဲ့။ စဉ်းနီတုံးကို စားပွဲအစွန်းအားမှာ တင်ထားပါ။ စက္ကူဘူးအဖုံးကို စဉ်းနီတုံးအောက်မှာ ခံထားပြီး စက္ကူဘူးကို စားပွဲဘေးနားမှာ အလိုက်သင့်လေး ချထားလိုက်ပါ။

ဒါဆိုရင်တော့ ကြက်သွန်ဖြူအခွံခွာပြီးတဲ့အခါ အခွံတွေကို ထိုဘူးထဲ တစ်ခါတည်း လွှင့်ပစ်လိုက်လို့ရပြီပေါ့။ ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်ပြီးတဲ့အခါမှာလည်း နွမ်းဖတ်နေသော အရွက်များ မလိုအပ်သောအရွက်များကို ထိုဘူးထဲသို့ တစ်ခါတည်း ပစ်နိုင်ပါတယ်။

ကြက်သွန်ဖြူကို ကြာရှည်ခံအောင် ဘယ်လိုသိုလှောင်ရမလဲ။

အသုံးမပြုတော့တဲ့စက္ကူများကို စက္ကူအိတ်ဖြစ်အောင် ကော်နဲ့ ကပ်ပေးလိုက်ပါ။ ထို့နောက် စက္ကူဖောက်စက်ဖြင့် အပေါက်ဖောက်ပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူတွေကို ထိုစက္ကူအိတ်ထဲထည့်ကာ ကလစ်ဖြင့် ညှပ်ထားလိုက်ပါ။ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့တဲ့နေရာ၊ အလင်းရောင်တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ ကြက်သွန်ဖြူတွေကို သိမ်းဆည်းမယ်ဆိုရင် ပိုမိုကြာရှည်ခံပါတယ်။

သားငါး ခုတ်ထစ်တဲ့အခါ၊ ဟင်းသီးဟင်းရွက် လှီးဖြတ်တဲ့အခါ စဉ်းနီတုံးက ငြိမ်မနေဘဲ ချော်ထွက်နေလို့ စိတ်ညစ်နေပါသလား။

Source: pinterest.com

စဉ်းနီတုံးရဲ့ အစွန်းနှစ်ဖက်စီကို သားရေကွင်းဖြင့် ပတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ စဉ်းနီတုံးက စားပွဲပေါ်ကနေ ချော်ထွက်သွားတာမျိုးမဖြစ်တော့ဘဲ အောက်ခြေငြိမ်နေမှာပဲဖြစ်ပါတယ်။

တုံးနေတဲ့ ဓားကို ထက်လာအောင် ဘယ်လိုသွေးရမလဲ။

သားငါးတွေ ခုတ်ထစ်တဲ့အခါ၊ ဟင်းသီးဟင်းရွက်လှီးဖြတ်တဲ့အခါမှာ တုံးနေတဲ့ဓား အသုံးပြုရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ အိမ်မှာကလည်း ဓားသွေးစက်က အဆင်သင့်မရှိဘူးဆိုရင်တော့ အခုဖော်ပြမယ့်နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ကြွေဖန်ခွက်ရဲ့မှောက်လိုက်ပြီးနောက် ဖန်ခွက်ရဲ့အောက်ခြေဖြင့် ဓားသွေးနိုင်ပါတယ်။

ကြက်ဥအနှစ်ကို ကြက်ဥအကာနှင့် အလွယ်တကူ ခွဲယူချင်တယ်ဆိုရင်

အပေါက်ပါတဲ့ ဇွန်းအကြီးတစ်ချောင်းတော့ လိုအပ်ပါလိမ့်မယ်။ ထိုဇွန်းပေါ်သို့ ကြက်ဥတစ်လုံးကို ဖောက်ချလိုက်ပါ။ ထိုဇွန်းအောက်တည့်တည့်တွင် ပန်းကန်လုံးတစ်ခု ခံထားလိုက်ပါ။ ထို့နောက် ဇွန်းကို ဖြည်းဖြည်းချင်း မကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကြက်ဥအကာတွေက ပန်းကန်လုံးထဲ သူ့အလိုလို ဝင်သွားပြီး ကြက်ဥအနှစ်က ဇွန်းပေါ်မှာ တင်ကျန်နေပါလိမ့်မယ်။

Source: Thaitrick.com