[Unicode]

ကြက်သွန်ဖြူကို လှီးဖြတ်ခြင်း၊ နုတ်နုတ်စင်းခြင်း စတဲ့ နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ဟင်းပွဲရဲ့အရသာပြောင်းလဲနိုင်တယ်လို့ သင် ထင်ပါသလား။ တကယ်လို့ သင့် စိတ်ထဲမှာ ဒွိဟဖြစ်နေတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းငါးမျိုးနဲ့ ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး တူညီတဲ့ချက်ပြုတ်နည်းနဲ့ ဟင်းပွဲငါးပွဲပြင်ဆင်လိုက်ပါ။ ဟင်းအရသာ ကွဲပြားသွားတာကို အံ့သြစွာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် ထိုနည်းလမ်း (၅) မျိုးကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဓားနဲ့ နုတ်နုတ်စင်းခြင်း

ဒီနည်းလမ်းကတော့ အိမ်ရှင်မတိုင်းအသုံးပြုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ထပ်မံဖော်ပြပေးမယ့် နည်းလမ်းတွေလိုမျိုး ကြက်သွန်အရည်တွေ အများကြီးထွက်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကြက်သွန်အနံ့လေးကတော့ ပါးစပ်ထဲမှာ အချိန်ကြာကြာ အနံ့စွဲမှာပဲဖြစ်ပါတယ်။

Garlic Press အသုံးပြုခြင်း

ကြက်သွန်ဖြူကို စက်ထဲထည့်ပြီး စက်ကိုဖိချလိုက်မယ်ဆိုရင် ငါးစက္ကန့်လောက်ကြာတာနဲ့ ကြက်သွန်ဖြူအနှစ်လေးတွေ ထွက်လာမှာပဲဖြစ်ပါတယ်။ ဓားနဲ့ နုတ်နုတ်စင်းရတာ အချိန်ကြာလို့ အချိန်ကုန်သက်သာချင်သူများအနေနဲ့ ဒီဖိစက်လေးကို အသုံးပြုကြည့်လိုက်ပါ။

ငရုတ်ဆုံနဲ့ ငရုတ်ကျည်ပွေ့အသုံးပြုခြင်း

မြန်မာမှုကိုမှ နှစ်သက်သူတွေအတွက် ငရုတ်ဆုံနဲ့ ငရုတ်ကျည်ပွေ့ကတော့ ဝမ်းဆက်စုံတွဲလေးပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူကို ထောင်းခြင်းအားဖြင့် ဟင်းပွဲက အချိုအရသာကဲသွားမှာပဲဖြစ်ပါတယ်။

ဓားကို စောင်းပြီး ပါးပါးလှီးကာ အနှစ်ရအောင် ဖိချခြင်း

ဒီနည်းလမ်းကတော့ အနည်းငယ်ခက်ပါတယ်။ လေ့ကျင့်မှုအများကြီးလိုအပ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အရင်ဦးဆုံး ပါးပါးလှီးရပါမယ်။ ပြီးကျမှ ကြက်သွန်အရည်တွေထွက်လအောင် ဓားနဲ့ ဖိချပေးရမှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင် ကြက်သွန်အနံ့နဲ့အရသာက အရမ်းကြီးလည်း မပြင်း၊ လုံးဝကြီးလည်း မနံတာမျိုးမဟုတ်ဘဲ အလယ်အလတ်အနံ့အရသာရှိမှာပဲဖြစ်ပါတယ်။

Microplane အသုံးပြုခြင်း

ဒီနည်းလမ်းလေးကတော့ ကြက်သွန်တစ်မြွှာချင်းစီကို Microplane ပေါ်တင်ပြီး ခြစ်ချရမှာပဲဖြစ်ပါတယ်။ Microplane အသုံးပြုခြင်းက အခြားနည်းလမ်းတွေထက်စာရင် အနှစ်များများရရှိအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း Microplane က မီးဖိုချောင်ထဲမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

Source: seriouseats.com

[Zawgyi]

ၾကက္သြန္ျဖဴကို လွီးျဖတ္ျခင္း၊ ႏုတ္ႏုတ္စင္းျခင္း စတဲ့ နည္းလမ္းေတြအေပၚမွာ မူတည္ၿပီး ဟင္းပြဲရဲ႕အရသာေျပာင္းလဲႏိုင္တယ္လို႔ သင္ ထင္ပါသလား။ တကယ္လို႔ သင့္ စိတ္ထဲမွာ ဒြိဟျဖစ္ေနတယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းငါးမ်ိဳးနဲ႔ ၾကက္သြန္ျဖဴကို ႏုတ္ႏုတ္စင္းၿပီး တူညီတဲ့ခ်က္ျပဳတ္နည္းနဲ႔ ဟင္းပြဲငါးပြဲျပင္ဆင္လိုက္ပါ။ ဟင္းအရသာ ကြဲျပားသြားတာကို အံ့ၾသစြာ ေတြ႔ျမင္ရမွာပဲျဖစ္ပါတယ္။

အဆင္သင့္ျဖစ္ၿပီဆိုရင္ ထိုနည္းလမ္း (၅) မ်ိဳးကို ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

ဓားနဲ႔ ႏုတ္ႏုတ္စင္းျခင္း

ဒီနည္းလမ္းကေတာ့ အိမ္႐ွင္မတိုင္းအသံုးျပဳတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ ဒီနည္းလမ္းကေတာ့ ထပ္မံေဖာ္ျပေပးမယ့္ နည္းလမ္းေတြလုိမ်ိဳး ၾကက္သြန္အရည္ေတြ အမ်ားႀကီးထြက္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ၾကက္သြန္အနံ႔ေလးကေတာ့ ပါးစပ္ထဲမွာ အခ်ိန္ၾကာၾကာ အနံ႔စြဲမွာပဲျဖစ္ပါတယ္။

Garlic Press အသံုးျပဳျခင္း

ၾကက္သြန္ျဖဴကို စက္ထဲထည့္ၿပီး စက္ကိုဖိခ်လိုက္မယ္ဆိုရင္ ငါးစကၠန္႔ေလာက္ၾကာတာနဲ႔ ၾကက္သြန္ျဖဴအႏွစ္ေလးေတြ ထြက္လာမွာပဲျဖစ္ပါတယ္။ ဓားနဲ႔ ႏုတ္ႏုတ္စင္းရတာ အခ်ိန္ၾကာလို႔ အခ်ိန္ကုန္သက္သာခ်င္သူမ်ားအေနနဲ႔ ဒီဖိစက္ေလးကို အသံုးျပဳၾကည့္လိုက္ပါ။

င႐ုတ္ဆံုနဲ႔ င႐ုတ္က်ည္ေပြ႔အသံုးျပဳျခင္း

ျမန္မာမႈကိုမွ ႏွစ္သက္သူေတြအတြက္ င႐ုတ္ဆံုနဲ႔ င႐ုတ္က်ည္ေပြ႔ကေတာ့ ဝမ္းဆက္စံုတြဲေလးပဲျဖစ္ပါတယ္။ ၾကက္သြန္ျဖဴကို ေထာင္းျခင္းအားျဖင့္ ဟင္းပြဲက အခ်ိဳအရသာကဲသြားမွာပဲျဖစ္ပါတယ္။

ဓားကို ေစာင္းၿပီး ပါးပါးလွီးကာ အႏွစ္ရေအာင္ ဖိခ်ျခင္း

ဒီနည္းလမ္းကေတာ့ အနည္းငယ္ခက္ပါတယ္။ ေလ့က်င့္မႈအမ်ားႀကီးလိုအပ္တဲ့နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။ အရင္ဦးဆံုး ပါးပါးလွီးရပါမယ္။ ၿပီးက်မွ ၾကက္သြန္အရည္ေတြထြက္လေအာင္ ဓားနဲ႔ ဖိခ်ေပးရမွာပဲျဖစ္ပါတယ္။ ဒီနည္းလမ္းအသံုးျပဳမယ္ဆိုရင္ ၾကက္သြန္အနံ႔နဲ႔အရသာက အရမ္းႀကီးလည္း မျပင္း၊ လံုးဝႀကီးလည္း မနံတာမ်ိဳးမဟုတ္ဘဲ အလယ္အလတ္အနံ႔အရသာ႐ွိမွာပဲျဖစ္ပါတယ္။

Microplane အသံုးျပဳျခင္း

ဒီနည္းလမ္းေလးကေတာ့ ၾကက္သြန္တစ္ျမႊာခ်င္းစီကို Microplane ေပၚတင္ၿပီး ျခစ္ခ်ရမွာပဲျဖစ္ပါတယ္။ Microplane အသံုးျပဳျခင္းက အျခားနည္းလမ္းေတြထက္စာရင္ အႏွစ္မ်ားမ်ားရ႐ွိေအာင္ ကူညီေပးမွာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း Microplane က မီးဖိုေခ်ာင္ထဲမွာ မ႐ွိမျဖစ္ေဆာင္ထားသင့္တဲ့ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

Source: seriouseats.com