သစ်သီးတွေကို အခွံခွာတဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ခွာလို့ရတဲ့ နည်းလမ်းတွေရှိတယ်ဆိုတာကို တချို့ကမသိကြပါဘူး။ ဒါကြောင့် သစ်သီးတွေကို အလွယ်တကူနဲ့ခွာလို့ရစေမယ့် နည်းလမ်းကောင်း (၅) မျိုးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

အချိန်ကုန်သက်သာပြီး လူလည်းမပင်ပန်းတာမို့ ဒီနည်းလမ်းလေးတွေကိုတော့ လူတိုင်းသိထားသင့်ပါတယ်။

နာနတ်သီးကိုခွာတဲ့အခါမှာ ထိပ်နှစ်ဖက်ကို အရင်လှီးချလိုက်ပါ။ ပြီးရင်တော့ နာနတ်သီးကိုထောင်ပြီး ဘေးဘက်ကနေ အခွံတွေကို လှီးချလိုက်ရုံပါပဲ။

လိမ္မော်သီးနဲ့ ကမ္ဗလာသီးကို ခွာတဲ့အခါမှာလည်း ထိပ်နှစ်ဖက်ကို အရင်လှီးချလိုက်ပါ။ ပြီးရင်တော့ ပုံမှပြထားတဲ့အတိုင်း တစ်ဖက်က အခွံကို လှီးချလိုက်ပြီး လှီးထားတဲ့နေရာကနေ လက်နဲ့ဖြဲလိုက်တာနဲ့ စားရတာလွယ်ကူသွားပါလိမ့်မယ်။

ထောပတ်သီးကိုခွဲစားတဲ့အခါမှာ အလယ်တည့်တည့်ကနေ အသီးရဲ့ပတ်ပတ်လည်ကို ဓားနဲ့လှီးလိုက်ပါ။ ပြီးရင်တော့ လက်နဲ့လှည့်လိုက်တာနဲ့ နှစ်ခြမ်းကွဲသွားပါလိမ့်မယ်။ အစေ့ကိုတော့ ဓားနဲ့ပေါက်ပြီး ဖယ်ထုတ်လိုက်လို့ရပါတယ်။

ငှက်ပျောသီးကိုအခွံခွာတဲ့အခါမှာ ငှက်ပျောသီးထိပ်ကို လက်လေးနဲ့ဖိချပြီး ခွာလိုက်တာနဲ့ လွယ်လွယ်ကူကူခွာလို့ရပါတယ်။ ပါးစပ်နဲ့ကိုက်နေစရာမလိုပါဘူး။

သရက်သီးခွာတဲ့အခါမှာလည်း အစေ့ဘေးကနေ သရက်သီးကိုလှီးချပြီး အတွင်းသားတွေကို ဓားနဲ့အရာပေးပြီး လှီးလိုက်ပါ။ တစ်ဖက်ကိုလှည့်ပြီးတော့လည်း ထပ်လှီးလိုက်ပါ။ ပြီးတာနဲ့ လက်လေးနဲ့ သရက်သီးကိုကော့လိုက်ရုံပါပဲ။

Photo Source: www.5minutescrafts.com