အားလုံးပဲ မင်္ဂလာပါ။ အုန်းနို့ခေါက်ဆွဲချစ်သူများအတွက် ဒီတစ်ခါမှာတော့ အုန်းနို့ခေါက်ဆွဲကို စားနေကျ မြန်မာချက်မဟုတ်ဘဲ ကန်စွန်းဥထည့်ကာ အရသာအသစ်အဆန်း မြည်းစမ်းကြည့်နိုင်အောင်လို့ ချက်ပြုတ်နည်းအဆင့်ဆင့်ကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ပြုတ်ရည် ၇၅၀ မီလီလီတာ
  • ကန်စွန်းဥ ၁ လုံး (အတုံးခပ်သေးသေး တုံးထားလိုက်ပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ခေါက်ဆွဲခြောက် ၁ ထုပ်
  • အုန်းနို့ ၂၅၀ မီလီလီတာ

  • ဆား အနည်းငယ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးထဲသို့ ဟင်းရွက်ပြုတ်ရည်ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပါ။

၂။ ကန်စွန်းဥနှင့် ဂျင်းတို့ကို ဟင်းရည်ထဲသို့ ထည့်လိုက်ပါ။

၃။ ဟင်းရည်ပွက်ပွက်ဆူလာတဲ့အခါမှာတော့ မီးအပူချိန်ကို လျော့လိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

၄။ ကန်စွန်းဥက နူးအိသွားတဲ့အခါမှာတော့ ခေါက်ဆွဲ၊ အုန်းနို့နှင့် ဆားတို့ထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။ ခေါက်ဆွဲ နူးအိသွားပြီဆိုရင်တော့ ဟင်းရည်ကို အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ဆား ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းနို့ခေါက်ဆွဲလေး ရရှိသွားပါပြီ။ စားခါနီးကျမှ နံနံပင်အနည်းငယ်ဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com