တောင်ကိုရီးယားနိုင်ငံဟာ အနုပညာရှင်တွေကြောင့်သာမက အရသာရှိလှတဲ့ အစားအစာကြောင့်လည်းနာမည်ကျော်ကြားပါတယ်။ အေးချမ်းရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အပူအစပ်တွေကိုလည်း စားသုံးလေ့ရှိတဲ့နိုင်ငံပါ။ တောင်ကိုရီးယားကိုရောက်ဖြစ်ရင် မဖြစ်မနေစားပေးသင့်တဲ့ ပူပူစပ်စပ် အစားအစာတွေကို မျှဝေပေးပါမယ်။

၁။ ကြက်ခြေထောက်သုတ်

ကြက်ခြေထောက်သုတ်ဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံတော်တော်များများမှာလည်း စားသုံးကြပါတယ်။ တောင်ကိုရီးယားမှာတော့ နာမည်ကျော်ကြားလှတဲ့ အစားအစာတမျိုးပါ။ ဆိုဂျုတို့လို အရက်သောက်တဲ့အခါမျိုးမှာဆို စားသုံးလေ့ရှိကြပြီး တချို့ကလည်း အရံဟင်းအနေနဲ့ စားသုံးကြပါတယ်။

အရိုးမပါတာနဲ့ အရိုးပါတာ နှစ်မျိုးကို ရွေးချယ်မှာယူလို့ရပါတယ်။

၂။ ဝက်ခြေထောက်သုတ်

ဝက်ခြေထောက်သုတ်ကလည်း ပူပူစပ်စပ်နဲ့ စားလို့အရမ်းကောင်းပြီး နာမည်ကျော်တဲ့ အစားအစာတမျိုးဖြစ်ပါတယ်။ကြက်ခြေထောက်လိုပဲ ဆိုဂျုသောက်တဲ့အခါမှာ အဓိက မှာယူကြပါတယ်။

၃။ Ramen (ရာမန်)

ရာမန်ခေါက်ဆွဲကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အစားအစာပါပဲ။ တကယ့်ကို ပူပူစပ်စပ်လေးကိုမှ စားချင်တယ်ဆိုရင်တော့ ရာမန်လေးကို မဖြစ်မနေစားခဲ့ပနော်။ ရာမန်ခေါက်ဆွဲပြုတ်ကို အမူးပြေဖို့လည်း ပူပူနွေးနွေးသောက်သုံးကြပါတယ်။

၎။တော့ပိုကီ

တော့ပိုကီဆိုတဲ့ ကိုရီးယားအစားအစာကလည်း မြန်မာတို့နဲ့မစိမ်းပါဘူးနော်။ K-Pop Fan တွေ အများကြီးရှိတဲ့ မြန်မာပြည်မှာလည်း တော့ပိုကီကို ကိုယ်တိုင် လုပ်စားတတ်သူတွေတောင်ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အစားအစာတစ်ခုဖြစ်လို့ မဖြစ်မနေစားဖို့ ညွှန်းဆိုလိုက်ပါရစေ။

၅။ ကြက်သားကြော် (Buldak)

Source: Delishar

ကြက်သားကြော်ကို ငရုတ်သီးများများ၊ ပူပူစပ်စပ် ဟင်းခပ်အမွှေးအကြိုင်များများတဲ့ ကြော်ထားတာ အရမ်းကို အရသာရှိပါတယ်။ ပူပူစပ်စပ်ကြိုက်တဲ့သူတွေအတွက်တော့ မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာပါပဲ။