သံပုယိုရည်၊ သံပုရာရည်တွေကို အလဟဿ မဖြုန်းတီးချင်ဘူး၊ အကုန်အစင် အသုံးပြုချင်တယ်ဆိုရင် သူ့ကို နည်းမှန်လမ်းမှန် လှီးဖြတ်တတ်ဖို့လိုပါတယ်။

ဒါ့အပြင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို အလျင်အမြန် လှီးဖြတ်ချင်တယ်၊ မီးဖိုချောင်ထဲမှာ အချိန်ကုန် သက်သာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမှားလေးတွေကို အမှန်ပြန်ပြင်ပေးဖို့ လိုပြီနော်။

သံပုယိုရည်၊ သံပုရာရည်ကို အကုန်အစင် မညှစ်မိဘူးလား

သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီးမှ အရည်ညှစ်မယ်ဆိုရင်တော့ သူ့ရဲ့အရည် အကုန်အစင်ကို ရရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သံပုယိုသီး (သို့) သံပုရာသီးရဲ့ ထိပ်ပိုင်းကို အရင်ဆုံးလှီးဖြတ်လိုက်ပါ။ ပြီးမှ အရည်ညှစ်တဲ့ အတံလေးထဲ ထည့်ပြီး ညှစ်ပေးလိုက်ပါ။ သံပုယိုရည်တွေ အသီးထဲမှာ ကပ်ကျန်နေတော့မှာမဟုတ်ပါဘူး။

လိမ္မော်သီးကို လက်နဲ့ပဲ အခွံခွာနေတုန်းပဲလား

ဓားနဲ့ ခွာလိုက်ပါ။ ပိုမြန်ဆန်ပါတယ်။ အရင်ဦးဆုံး လိမ္မော်သီးရဲ့ ထိပ်ပိုင်းကို လှီးဖြတ်လိုက်ပါ။ ပြီးရင် အလယ်တည့်တည့်ကနေ ဓားနဲ့ ထက်ခြမ်းခြမ်းလိုက်ပါ။ ဒါဆိုရင်တော့ လိမ္မော်မြွှာလေးတွေကို အလွယ်တကူ ခွာစားလို့ရပါပြီ။

အချိုရည်ဘူးတွေကို မြန်မြန်ဆန်ဆန် အေးသွားစေချင်တယ်ဆိုရင်

အချိုရည်ဘူးကို တစ်သျှူးလေးနဲ့ ပတ်ပေးထားလိုက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ မြန်မြန်ဆန်ဆန်အေးသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

ကလေးငယ်လေးတွေ မိုင်လိုဘူး၊ အအေးဘူးလေးတွေ သောက်တဲ့အခါ ဖိတ်စင်ထက်ဝက်ဖြစ်နေလို့ စိတ်ညစ်နေပါသလား

ထိုအအေးဘူးတွေရဲ့ ဘေးနှစ်ဖက်မှာကပ်နေတဲ့ လက်ကိုင်နှစ်ခုကို ဖြန့်ပေးလိုက်ပြီး အအေးဘူးကို ကိုင်မယ့်အစား ထိုအစွန်းနှစ်ဖက်ကို ကိုင်ခိုင်းလိုက်ပါ။ ဒါဆိုရင်တော့ ကလေးငယ်လေးတွေ အအေးဘူးကို မညှစ်မိတဲ့အတွက်ကြောင့် အချိုရည်တွေ အပြင်ကို ထွက်ကျကုန်တော့မှာမဟုတ်ပါဘူး။

ပေါင်မုန့်လှီးဖြတ်တဲ့အခါ

ပေါင်မုန့်ကို အပေါ်ကနေ လှီးချလိုက်မယ့်အစား အရင်ဦးဆုံး ပေါင်မုန့်ကို အပေါ် အောက် လှန်လိုက်ပါ။ ပြီးမှ ဓားနဲ့ လှီးချလိုက်ပါ။ ဒါဆိုရင်တော့ ပေါင်မုန့်လှီးတဲ့အခါ အကြေအစတွေ နည်းပါလိမ့်မယ်။

Source: Brightside.me