အစားအသောက်နဲ့ ပတ်သက်တဲ့ အယူအဆလေးတွေက တစ်ယောက်နဲ့တစ်ယောက် တစ်နေရာနဲ့တစ်နေရာ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားသွားကြပါတယ်။ သွားပိုးစားခြင်း၊ သွားများ ကျန်းမာကြံ့ခိုင်မှုအားနည်းခြင်းတို့ကို ဖြစ်ပေါ်စေတဲ့ တရားခံတွေက ချိုတဲ့အစားအစာတွေလို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ အမာစာတွေက အချိုစာတွေထက် သွားကို ပိုဘေးဖြစ်စေတယ်ဆိုတာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။

ထိုကဲ့သို့ သတိမထားမိတဲ့ အချက်တွေ၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ အယူအဆမှားတွေကို သိရှိပြီး ပြုပြင်နိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။

သစ်သီးပေါ်က စတေကာများ

စူပါမားကတ်တွေမှာ သစ်သီးတွေဝယ်တဲ့အခါ စတေကာလေးတွေ ကပ်ထားတာ သတိထားမိကြမှာပါ။ ထိုသစ်သီးများကို မစားသုံးခင်မှာ ရေဆေးရမယ်လို့ FDA က ညွှန်ကြားထားပေမယ့် ထိုစတေကာများကို စားလို့မရဘူးလို့တော့ မတားဖြစ်ထားပါဘူး။ မတော်လို့ စားမိသွားတယ်ဆိုရင်လည်း ထိုစတေကာနဲ့ ကော်တွေက ဘေးမဖြစ်စေနိုင်ဘူးလို့ FDA က ပြောကြားထားပါတယ်။

အစပ်စားခြင်းက ပိုမို အသက်ရှည်စေနိုင်ခြင်း

စပ်တဲ့အစားအစာတွေကို တစ်ရက်မှာ တစ်ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးခြင်းကို ၁၄ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးများကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားသင့်သလား

ခရမ်းချဉ်သီးများကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့နဲ့အရသာကို ပျက်ယွင်းစေတာကြောင့် အနံ့နဲ့အရသာ ပိုကောင်းချင်တယ်ဆိုရင်တော့ မှောင်တဲ့နေရာမှာ သိမ်းထားတာ အကောင်းဆုံးပါပဲ။

သံပုရိုသီးက စတော်ဘယ်ရီထက် သကြားပါဝင်မှု ပိုများပါတယ်။

သံပုရိုသီးက ချဉ်တဲ့အတွက်ကြောင့် စတော်ဘယ်ရီသီးထက် သကြားပါဝင်မှု ပိုများမယ်လို့ ဘယ်သူမှ ထင်မိကြမှာမဟုတ်ပါဘူး။ သံပုရိုသီးမှာ သကြားပါဝင်မှု ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး စတော်ဘယ်ရီမှာတော့ ၄၀ ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။

မွေးမြူရေး ဆော်လမွန်ငါးက ပင်လယ်ထဲက ဆော်လမွန်ငါးထက် အရောင်ပိုဖျော့ခြင်း

ဆော်လမွန်ငါးရဲ့ အရောင်က ဖျော့နေတယ်ဆိုပေမယ့် စိုးရိမ်စရာမရှိပါဘူး။ ပင်လယ်ထဲက ဆော်လမွန်ငါးက ပုစွန်တွေကို စားသုံးတဲ့အတွက်ကြောင့် ပိုနီမြန်းပြီး မွေးမြူရေး ဆော်လမွန်ငါးတွေကို ကျွေးတဲ့အစားအစာတွေပေါ် မူတည်ပြီး အရောင်ကွဲသွားရခြင်း ဖြစ်ပါတယ်။

ချောကလက်ရနံ့က စိတ်ဖိစီးမှုကို လျော့ခပေးပြီး စိတ်တည်ငြိမ်အောင် ကူညီပေးပါတယ်။

ဝမ်းနည်းတဲ့အချိန် ချောကလက်စားသုံးခြင်းက စိတ်ကို ပျော်ရွှင်စေပြီး ချောလက်ရနံ့ကို ရှုရှိုက်ခြင်းကတော့ စိတ်ကို တည်ငြိမ်စေတယ်လို့ ဗြိတိန် စိတ်ပညာရှင်တွေက ပြောကြားထားပါတယ်။

Source: Brightside.me