မိမိစားသုံးလိုက်တဲ့ အစားအစာများထံမှ အာဟာရဓာတ်ကို ရာနှုန်းပြည့် ပြည့်ဝစွာရယူလိုတယ်ဆိုရင် လတ်ဆတ်တဲ့အစားအစာများကို စားသုံးဖို့လိုပါတယ်။

သင်က အလုပ်များတဲ့သူတစ်ယောက်ဖြစ်တာကြောင့် နေ့တိုင်းဈေးဝယ်ထွက်ဖို့ အဆင်မပြေလို့ တစ်ပတ်စာအတွက် အစားအစာများကို ဝယ်ခြမ်းထားတယ်ဆိုရင် ထိုအစားအစာများကို မပုပ်သိုးသွားအောင် ဘယ်လို သိုလှောင်သိမ်းဆည်းသင့်သလဲဆိုတဲ့အချက်တွေကို သိထားသင့်ပါတယ်။

ကြက်ဥများကို ကြာကြာသိမ်းဆည်းထားဖို့အတွက် ရေခဲတုံးပုံစံခွက်များ အသုံးပြုပါ

ရေခဲရေများကို အအေးခံတဲ့ ရေခဲတုံးပုံစံခွက်ထဲမှာ ကြက်ဥ၊ ဘဲဥများကို အကာသပ်သပ်၊ အနှစ်သပ်သပ် ခွဲထည့်ပေးနိုင်ပါတယ်။ သကြား (သို့မဟုတ်) ဆားထည့်ဖို့လည်း မမေ့ပါနဲ့။ ကြက်ဥများကို ရေခဲခွက်ထဲ ထည့်တဲ့ ရက်စွဲနဲ့ သကြား (သို့) ဆား ပမာဏများကိုလည်း သေချာမှတ်သားထားပေးရပါမယ်။

ဆလပ်ရွက်

ဆလပ်ရွက်များက အလွယ်တကူညှိုးနွမ်းလွယ်တဲ့ ဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ညှိုးနွမ်းလွယ်တဲ့ဟင်းရွက်ကို တစ်ပတ် (သို့) တစ်ပတ်ထက်ပိုကြာအောင် သိုလှောင်ထားချင်တယ်ဆိုရင် လေလုံပလပ်စတစ်အိတ် (သို့) ပန်းကန်လုံးတစ်လုံး အသုံးပြုနိုင်ပါတယ်။

ဆလပ်ရွက်ရဲ့အလယ်က အူတိုင်ကို ဖယ်ရှားပစ်ပြီး ဆလပ်ရွက်များ တစ်ရွက်ချင်းစီ ချွေထားလိုက်ပါ။ ထို့နောက် လေလုံအိတ်ထဲမှာ ထည့်ထားပေးနိုင်ပါတယ်။ အိတ်ထဲမှ လေများ ကုန်စင်သွားအောင် ဖယ်ထုတ်ပြီးမှ ပလပ်စတစ်အိတ်ကို စည်းနှောင်ထားလိုက်ပါ။

ပန်းသီးများကို တစ်လကြာသည်အထိ လတ်လတ်ဆတ်ဆတ်အထားခံချင်တယ်ဆိုရင်

မိမိဝယ်ယူပြီး သိုလှောင်ထားမယ့်ပန်းသီးက ပျော့စိမနေဘဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်ပြီး မှည့်နေရပါမယ်။ အနာအဆာလည်း ကင်းရပါမယ်။ ပန်းသီးများကို ရေဆေးပြီးနောက် အခြောက်ခံရပါမယ်။

ထို့နောက် ပန်းသီးများကို တစ်လုံးနဲ့တစ်လုံး ထိကပ်မှုမရှိစေဖို့ ပန်းသီးတစ်လုံးချင်းစီကို အဖြူရောင်ဖော့ကွင်းများဖြင့် စည်းနှောင်ထားရပါမယ်။ ပြီးမှ ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပါ။ ဒါဆိုရင်တော့ တစ်လတိတိ လတ်လတ်ဆတ်ဆတ် အထားခံပါတယ်။

ကြက်သွန်မြိတ်များကို ကြာကြာအသုံးပြုချင်တယ်ဆိုရင်

ဖန်ပုလင်းထဲသို့ ကြက်သွန်မြိတ် ထည့်ထားလိုက်ပါ။ ကြက်သွန်မြိတ်ရဲ့အမြစ်များ ဖုံးလွှမ်းသွားဖို့ရန်အတွက် ရေ တစ်လက်မ၊ နှစ်လက်မခန့် ထည့်ပေးလိုက်ပါ။ ထို့နောက် ပြတင်းပေါက်နားမှာ ထားထားလိုက်ပါ။ ကြက်သွန်မြိတ်များ လတ်ဆတ်နေဖို့ရန်အတွက် နေ့တိုင်း ရေလဲပေးဖို့ မမေ့ပါနဲ့။

နွားနို့

နွားနို့ကို သေသေချာချာ အအေးခံထားမယ်ဆိုရင် တစ်လကြာသည်အထိ လတ်လတ်ဆတ်ဆတ်အထားခံပါတယ်။ ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ သေချာ သိမ်းဆည်းထားဖို့ပဲ လိုတာပါ။

ပျားရည်

ပျားရည်ကို စနစ်တကျသိမ်းဆည်းထားမယ်ဆိုရင် နှစ်နှစ်ကြာသည်အထိ အထားခံပါတယ်။ သို့သော နေရောင် တိုက်ရိုက်မထိတွေ့သောနေရာ၊ မီးဖိုနဲ့ နီးသော နေရာ စသည်ဖြင့် အပူချိန်မြင့်မားသော နေရာများတွင် မထားမိဖို့ကိုတော့ သတိထားရပါမယ်။

မြင့်မားသော အပူချိန်ကြောင့် ပျားရည်က အရောင်နဲ့အရသာ ပျက်ပြယ်သွားနိုင်လို့ပဲဖြစ်ပါတယ်။ ပျားရည်ကို ဖန်ပုလင်းထဲ ထည်ထားပြီးနောက် အဖုံးကို လုံအောင် ပိတ်ထားလိုက်ပါ။ ပလပ်စတစ် (သို့) သံဘူးထဲ ထည့်ထားတဲ့အခါ ပျားရည်ရဲ့အာဟာရဓာတ်များ ပျက်ပြယ်သွားပြီး အန္တရာယ်ရှိသော ဓာတုဓာတ်ပြုပစ္စည်းများ ထွက်ပေါ်လာတတ်ပါတယ်။

Source: Stylecraze.com