အာလူးက ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တဲ့အပြင် အရသာရှိတဲ့အစားအစာတစ်ခုဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အာလူးက ဟင်းချက်ဖို့အပြင် အခြားသော နည်းလမ်းပေါင်းစုံဖြင့်ပါ အသုံးပြုနိုင်တယ်ဆိုတာကိုရော သိပြီးပါပြီလား။

ဘယ်လိုနေရာတွေမှာ အာလူးကို အသုံးပြုနိုင်သလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ဟင်းအနှစ်ပြုလုပ်ဖို့ရန်အတွက်

ဟင်းအနှစ်များကို ပိုမိုပျစ်ချင်တယ်ဆိုရင် အာလူးကို အသုံးပြုနိုင်ပါတယ်။ အာလူးပြုတ်ကို အရင်ဆုံး ထောင်းပြီးရင် ဟင်းရည်ထဲထည့်ပေးနိုင်ပါတယ်။ အာလူးထောင်းက ဟင်းရည်ပျစ်သွားအောင် ကူညီပေးပါလိမ့်မယ်။

ငွေထည်ပစ္စည်းများကို သန့်ရှင်းစေဖို့ရန်အတွက်

အာလူးပြုတ်ပြီးနောက် ရရှိလာတဲ့ရေနွေးပူကို အအေးခံထားလိုက်ပါ။ ထို့နောက် ငွေထည်ပစ္စည်းများကို ထိုရေနွေးပူထဲ မိနစ် ၃၀ ခန့် ထည့်ထားရပါမယ်။ အချိန်ပြည့်မှ ငွေထည်ပစ္စည်းများကို ရေဆေးပြီး အခြောက်ခံပေးလိုက်ပါ။ အသစ်အတိုင်းဖြစ်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။

ဟင်းချက်နေရင်း မီးအပူလောင်သွားတဲ့အခါ

Source: medibank.com.au

အာလူးကို အနေတော်လှီးဖြတ်ပြီးနောက် အပူလောင်သွားသောနေရာမှာ ဖြည်းညင်းစွာ ပွတ်တိုက်ပေးလိုက်ပါ။ အာလူးထဲမှာ ပါဝင်တဲ့ ကဆီဓာတ်က အပူလောင်ခြင်းကို သက်သာစေပါလိမ့်မယ်။

ဟင်းရည်ထဲ ဆားထည့်တာများသွားတဲ့အခါ

ဟင်းရည်က သောက်ရတဲ့အရမ်းငန်နေလို့ စိတ်ညစ်နေပါသလား။ အခွံခွာထားပြီးသားအာလူးကို ဟင်းရည်ထဲ ထည့်ပေးလိုက်ပါ။ အာလူးက အငန်ဓာတ်များကို စုပ်ယူပေးသွားပါလိမ့်မယ်။

မျက်လုံးဖောင်းခြင်းကို သက်သာစေဖို့ရန်အတွက်

Source: beautifulyou91.wordpress.com

အာလူးကို အနေတော်အတုံးလှီးဖြတ်ပြီးနောက် မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် ကပ်ထားပေးလိုက်ပါ။ အာလူးက မျက်လုံးယောင်ခြင်း၊ မျက်လုံးဖောင်းခြင်းတို့ကို သက်သာသွားအောင် ကူညီပေးပါလိမ့်မယ်။

သံချေးများကို ဖယ်ရှားပေးဖို့ရန်အတွက်

အိုးခွက် ပန်းကန်များ၊ ဓားများ သံချေးတက်နေတဲ့အခါ အာလူးကို အနေတော်အတုံးတုံးပြီးနောက် သံချေးကိုက်နေသော နေရာတစ်ဝိုက်မှာ အာလူးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ အာလူးဖြင့် မပွတ်တိုက်ခင်မှာ အရင်ဆုံး အာလူးပေါ်မှာ ဆား (သို့မဟုတ်) မုန့်ဖုတ်ဆိုဒါလေး ဖြူးပေးရပါမယ်။ ပြီးမှ အာလူးဖြင့် ပွတ်တိုက်ပေးရပါမယ်။ ဒါဆိုရင်တော့ ပြီးတော့ ထိရောက်မှုရှိတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Farmersalmanac.com