အစားအစာများ လတ်လတ်ဆတ်ဆတ်နဲ့ တာရှည်ခံဖို့၊ သင့်ကို အချိန်ကုန် လူပင်ပန်း သက်သာစေဖို့ နည်းလမ်းကောင်းများ အမြောက်အများရှိပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မိုက်ခရိုဝေ့ဖ် အသုံးပြုပြီး အစားအစာများကို အချိန်တိုအတွင်း ပြန်နွှေးခြင်း၊ ဖန်ပုလင်းများကို နေရာကျဉ်းကျဉ်းလေးထဲမှာ စနစ်တကျ ထားသိုခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို အလျင်အမြန်အခွံခွာခြင်း စတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ကြက်ဥ၊ ဘဲဥများကို အချိန်အကြာကြီး အထားခံဖို့အတွက်

ကြက်ဥများကို ဟင်းရွက်ဆီဖြင့် သုတ်လိမ်းပြီးတဲ့နောက်မှာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားလိုက်ပါ။

ကြက်ဥအခွံ အမြန်ခွာချင်တယ်ဆိုရင်

ကြက်ဥပြုတ်များကို အက်ကြောင်းရာများ ပေးထားလိုက်ပါ။ ပြီးမှ ရေခဲရေထဲထည့်ကာ အအေးခံထားလိုက်ပါ။ ဒါဆိုရင် ကြက်ဥအခွံကို အမြန်ခွာလို့ရပါပြီ။

အာလူးကြော်များ ပျော့သွားတဲ့အခါ

ရေ (သို့) လေနဲ့ ထိတွေ့တဲ့အခါ အာလူးကြော်တွေက ပျော့သွားတတ်ပါတယ်။ ကြွပ်ကြွပ်ရွရွလေး ပြန်ဖြစ်ဖို့ဆိုရင် ပန်းကန်ပြားတစ်ချပ်ပေါ်မှာ လက်သုတ်ပုဝါလေး တင်ထားပါ။ ထို့နောက် ပျော့နေတဲ့ အာလူးကြောများ တင်ကာ မိုက်ခရိုဝေ့ဖ်ထဲတွင် စက္ကန့် ၃၀ ခန့် အပူပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အာလူးကြော်က ကြွပ်ရွနေမှာပါ။

ပြီးပြည့်စုံတဲ့ ကြက်ဥ Half-Fried ကြော်ဖို့ဆိုရင်

ဒယ်အိုးထဲသို့ ဆီထည့်ပြီးတဲ့နောက်မှာ ကြက်သွန်နီကွင်း (သို့) ဖန်ပုလင်းအဖုံးကို ဒယ်အိုးထဲ ထည့်ပါ။ ထို့နောက် ကြက်ဥ တစ်လုံးချင်းစီ ဖောက်ထည့်လိုက်ပါ။ ကြော်ပြီးသွားမှ ကြက်သွန်ကွင်းနှင့် ဖန်ပုလင်းအဖုံးတို့ကို ဖယ်ရှားလိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ ကြက်ဥ Half-Fried လေး ရရှိသွားပါပြီ။

ပုလင်းများကို ရေခဲသေတ္တာထဲတွင် စနစ်တကျ ထားသိုနည်း

ကလစ်အမဲ အသုံးပြုပြီး ရေခဲသေတ္တာထဲရှိ သံချောင်း နှစ်ချောင်းကို ဆွဲညှပ်လိုက်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သင့်ရေခဲသေတ္တာထဲမှာ နေရာလွတ်အများအပြား ထွက်လာပါလိမ့်မယ်။

ငါးကင်တဲ့အခါ သံပုယိုသီး အသုံးပြုပါ

အကင်မီးဖိုပေါ်မှာ သံပုရာသီးခြပ်များ ခင်းထားလိုက်ပါ။ ထိုသံပုသီးခြပ်များပေါ်မှာ ငါးကင်ခြင်းအားဖြင့် ငါးက မီးဖိုမှာ ကပ်မနေတော့တဲ့အပြင် ငါးကင်ထဲမှာလည်း သံပုယိုအနံ့လေး စိမ့်ဝင်နေပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်များကို ကြာရှည်အထားခံဖို့အတွက်

ဟင်းသီးဟင်းရွက်များကို ရေဆေးပြီးနောက် အခြောက်ခံလိုက်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်များကို ပလစ်စတစ်အိတ်ထဲ ထည့်လိုက်ပါ။ ထို့နောက် အိတ်ထဲတွင် လေဝင်စေပြီးနောက် တင်းနေအောင် ချည်ထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ဟင်းသီးဟင်းရွက်များက အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်ရှိနေပါလိမ့်မယ်။

Source: Brightside.me