ဟင်းပွဲတွေ တကူးတက မချက်ချင်တဲ့ နေ့မျိုးမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က ချက်ထားတဲ့ ဟင်းအပိုအလျှံတွေ ရှိနေသေးတယ်ဆိုရင်တော့ ထိုဟင်းတွေကိုပဲ အလွယ်တကူပြန်နွှေးစားတတ်ကြပါတယ်။

အစားအစာ တော်တော်များများကိုတော့ ပြန်နွှေးစားလို့ရပေမယ့် အခုဖော်ပြမယ့် အစားအစာ (၇) မျိုးကိုတော့ ပြန်နွှေးစားဖို့ မသင့်တော်ပါဘူး။ ဘာ့ကြောင့်လဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ဟင်းနုနွယ်

ဟင်းနုနွယ်များကို ကြော်ချက်ပြီးတာနဲ့ ကုန်အောင် စားသုံးပေးသင့်ပါတယ်။ သူတို့ကို ပြန်လည်အပူပေးပြီး နွှေးစားမယ်ဆိုရင်တော့ ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ နိုက်ထရိတ်ဓာတ်က ကင်ဆာရောဂါဖြစ်ပေါ်စေတဲ့ နိုက်ထရိုက်ဓာတ်ပေါင်းအဖြစ် ပြောင်းလဲသွားပါတယ်။

နံနံပင်

နံနံပင်ကလည်း ဟင်းနုနွယ်လိုပါပဲ နိုက်ထရိတ်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ သူ့ကို ထပ်ခါတလဲလဲ ပြန်နွှေးစားမယ်ဆိုရင် နိုက်ထရိုက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

သကြားမုန်လာ

နံနံပင်နဲ့ ဟင်းနုနွယ်တွေလိုပဲ သကြားမုန်လာမှာလည်း နိုက်ထရိတ်ဓာတ်များ ပါဝင်ပါတယ်။ ဒါ့ကြောင့် ချက်ပြီးသား သကြားမုန်လာကို တစ်ခါတည်း ကုန်အောင် စားလိုက်ပါ။ ပြန်နွှေးမစားပါနဲ့။

အာလူး

ကြော်ချက်ပြီးသား အာလူးကို တစ်ခါတည်း ကုန်အောင်စားခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင်တော့ အာလူးရဲ့အာဟာရဓာတ်များက ပျက်ပြယ်သွားပြီး ကျန်းမာရေးအတွက် အချည်းနှီးပါပဲ။

ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥများကို ထပ်ခါတလဲလဲ ပြန်နွှေးစားခြင်းက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပြီး အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ကြက်သား

ကြက်သားထဲမှာ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ တကယ်လို့ ပြန်နွှေးစားလိုက်မယ်ဆိုရင်တော့ ပရိုတင်းပါဝင်မှုများ ကမောက်ကမဖြစ်သွားပြီး အစာအိမ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

မှို

မှိုကတော့ လုံးဝ (လုံးဝ) ပြန်နွှေးမစားသင့်တဲ့ အစားအစာထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ မှိုကို ပြန်နွှေးစားမိမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

Source: Ohmymag.co.uk