အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသား ထမင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။ ရိုးရိုးအမဲသား ထမင်း မဟုတ်ဘဲ အလွှာ ၇ လွှာဖြင့် ပြုလုပ်ထားတဲ့ အမဲသားစဉ်းကော ထမင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နို့ဆီဘူး တစ်လုံး
  • ပြောင်းဖူးစေ့ နို့ဆီဘူး တစ်ဝက်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရမ်းချဉ်သီးဆော့စ် စည်သွပ်ဘူး ၁ ဘူးနှင့် ခရမ်းချဉ်သီး ၅ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အစိမ်း ၁ ခု (ပါးပါးလှီးထားပါ)
  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ဝက်သားပြား ၄ ပြား (တစ်ဝက် လှီးဖြတ်ထားပါ)
  • ချိစ် အနည်းငယ် (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းထဲ ထည့်ပါ။

၂။ ထို့နောက် ပြောင်းဖူးစေ့များထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်များ ဖြူးထည့်ပါ။

၃။ ခရမ်းချဉ်သီးဆော့စ် စည်သွပ်ဘူး ၁ ဘူးစာကို ရေ စားပွဲတင်ဇွန်း ၈ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ကြက်သွန်နီနှင့် ငရုတ်ပွတို့ ထည့်ပါ။

ထိုအပေါ်တွင် အမဲသားစဉ်းကောများထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပါ။

၅။ ထို့နောက် ခရမ်းချဉ်သီးစိပ်လေးများ လောင်းထည့်ကာ ညီညာအောင် ညှိလိုက်ပါ။

၆။ ထို့နောက် ဝက်သားပြားများ အုပ်လိုက်ပါ။

၇။ ထို့နောက် ခဲဖတ်ဖြင့် လုံအောင် အုပ်ပါ။ ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် တစ်နာရီခန့် ထည့်ဖုတ်လိုက်ပါ။

၈။ သတ်မှတ်ချိန်ပြည့်ပါက အုပ်ထားသော ခဲဖတ်ကို ဖယ်ရှားပြီး နောက်ထပ် မိနစ် ၃၀ ခန့် ထပ်မံအပူပေးလိုက်ပါ။

ချိစ် အသုံးမပြုပါက ဒီအဆင့်ထိတင် လုံလောက်ပါပြီ။

အကယ်၍ ချိစ်အသုံးပြုမယ်ဆိုရင်တော့ ချိစ်ချောင်းလေးများ ဖြူးထည့်ကာ ချိစ်များ အရည်ပျော်သွားသည်အထိ အပူပေးပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ၇ လွှာ အမဲသားစဉ်းကော ထမင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com