သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျသိုလှောင်တတ်ခြင်းက သင့်ကို အပိုဝင်ငွေမကုန်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အစားအစာအားလုံးကို တစ်စုတစ်စည်းတည်း သိုလှောင်သိမ်းဆည်းထားခြင်းက မှန်ကန်တဲ့နည်းလမ်းကောင်းတစ်ခု မဟုတ်ပါဘူး။ နေရောင်ခြည်ကြိုက်တဲ့ အစားအစာတွေလည်း ရှိသလို အမှောင်ထဲမှာ ထားမှ တာရှည်ခံတဲ့ အစားအစာတွေလည်း ရှိကြပါတယ်။

ကိုယ် ဝယ်ထားတဲ့အစားအစာက အအေးကြိုက်လား အခန်းအပူချိန်ကိုပဲ နှစ်သက်လား စတဲ့ အချက်အလက်တွေကိုကြည့်ပြီး သိုလှောင် သိမ်းဆည်းထားနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့်အချက်လေးတွေကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

ကြက်သွန်နီများကို ဘယ်လိုသိမ်းထားရမလဲ

ကြက်သွန်နီများကို နိုင်လွန်အိတ်ထဲထည့်ထားပြီး အိတ်ရဲ့ ထိပ်ဖျားကို လိပ်လိုက်ကာ ထုံးလိုက်ပါ။ ကြက်သွန်ဖြူ တစ်အိတ်နဲ့တစ်အိတ်ကြား မထိကပ်အောင် အနည်းငယ်ခြားထားလိုက်ပါ။

ငှက်ပျောသီး တာရှည်အထားခံချင်တယ်ဆိုရင်

ငှက်ပျောခိုင်ရဲ့ ပင်စည်ထိပ်ဖျားကို ခဲဖတ်လေးဖြင့် ပတ်ထားပေးလိုက်ပါ။ ၄ ရက်၊ ၅ ရက်ကြာသည်အထိ အညိုကွက်တွေ ပေါ်လာမှာမဟုတ်ဘဲ လတ်လတ်ဆတ်ဆတ်အထားခံမှာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူများ

ကြက်သွန်ဖြူတွေက ခြောက်သွေ့ပြီး မှောင်တဲ့နေရာကို ကြိုက်ကြပါတယ်။ ကြက်သွန်ဖြူရဲ့ အနည်းဆုံးသက်တမ်းကတော့ ၃ ရက်မှ ၁၀ ရက်အတွင်းဖြစ်ပြီး မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာ ထားထားမယ်ဆိုရင်တော့ ၂ လအထိ အထားခံပါတယ်။

နံနံပင်၊ ပင်စိမ်းရွက်၊ ကညွှတ်ရွက်တို့ကို ဘယ်လိုသိမ်းထားရမလဲ

ထိုဟင်းသီးဟင်းရွက်များကို ရေမဆေးပဲ ရေထည့်ထားတဲ့ထည့်ခွက်ထဲမှာ ပင်စည်ကို ထိုးစိုက်ထားလိုက်ပါ။ ထိုရေခွက်ကို အခန်းအပူချိန်ထဲမှာပဲ ထားထားလိုက်ပါ။ ၄ ရက်ကနေ ၅ ရက်အထိ အထားခံပါတယ်။

ထောပတ်သီးအစိမ်းကို အမြန်မှည့်ချင်တယ်ဆိုရင်

ထောပတ်သီးကို သတင်းစာစက္ကူနဲ့ ပတ်ထားပြီး အိတ်လေးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ ၃ ရက်ကနေ ၅ ရက်အတွင်း အမြန်မှည့်လာမှာပဲဖြစ်ပါတယ်။ ထိုအိတ်ထဲမှာ ငှက်ပျောသီးနဲ့အတူ ထည့်ထားလိုက်မယ်ဆိုရင်တော့ ၂ ရက်ကနေ ၃ ရက်အတွင်း မှည့်လာပါလိမ့်မယ်။ ဒါမှမဟုတ် ၇ ရက်ကြာမှ မှည့်ချင်တယ်ဆိုရင် အိတ်ထဲမထည့်ဘဲ ထောပတ်သီးကို သတင်းစာစက္ကူလေးနဲ့ပဲ ပတ်ထားလိုက်ပါ။

မှိုများကို လတ်လတ်ဆတ်ဆတ်အထားခံချင်တယ်ဆိုရင်

မှိုများကို ရေမဆေးဘဲ စက္ကူအိတ်တစ်အိတ်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် နံနံပင်ရွက် အနည်းငယ်ကို ထိုအိတ်ထဲသို့ ထည့်ထားလိုက်ပါ။ မှိုက ၃ ရက်ကနေ ၅ ရက်ကြာတဲ့အထိ ပကတိအတိုင်း လတ်ဆတ်နေမှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီသီးပေါ်က အပြစ်အနာအဆာတွေကို ဖယ်ရှားချင်တယ်ဆိုရင်

စတော်ဘယ်ရီသီးမှာ အမဲကွက်တွေ တွေ့တဲ့အခါ ပင်စည်ထိပ်ဖျားပိုင်းကို ဖယ်ပစ်တတ်ကြပါတယ်။ အခုကစပြီး အဲ့ဒီလိုဖယ်ပစ်စရာမလိုတော့ပါဘူး။ ခွက်တစ်လုံးထဲမှာ ရေ ၂ ဆနဲ့ ရှာလကာရည် ၁ ဆတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် စတော်ဘယ်ရီသီးများကို ထိုခွက်ထဲသို့ ထည့်လိုက်ပါ။ ထည့်လိုက်တဲ့ စတော်ဘယ်ရီသီးတွေထဲမှာ မှိုတက်နေတဲ့အလုံး မပါအောင်တော့ ဂရုစိုက်ရပါမယ်။ နို့မဟုတ်ရင် ကျန်တဲ့စတော်ဘယ်ရီသီးတွေအကုန်လုံး ပုပ်သွားပါလိမ့်မယ်။

ထိုရှာလကာရည်ထဲမှာ နာရီအနည်းငယ်ကြာအောင် စိမ်ပြီးသွားမှာ ရွက်ဖတ်များကို ဖယ်ရှားလိုက်ကာ အလုံပိတ်အိတ်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလိုက်ပါ။ ၅ ရက်ကနေ ၆ ရက်အထိ လတ်လတ်ဆတ်ဆတ်အထားခံပါတယ်။ ၂ လကနေ ၄ လအထိ အထားခံချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာအအေးခန်းထဲမှာ အေးခဲနေအောင် ထည့်ထားလိုက်ပါ။

Source: Brightside.me