[Unicode]

ပန်းသီးကို ဓားမပါဘဲ ဘယ်လိုလှီးဖြတ်ရမလဲ၊ ကြက်ဥပြုတ် အခွံကို တစ်ချက်တည်းနဲ့ ဘယ်လိုခွာရမလဲ၊ ကြက်သွန်နီ လှီးဖြတ်တဲ့အခါ မျက်ရည်မကျဘဲ ဘယ်လိုလှီးရမလဲ စတဲ့အချက်တွေကို ကျွမ်းကျင်စားဖိုမှူးတွေကသာ ကျွမ်းကျင်တတ်မြောက်ကြတာပါ။

စာဖတ်သူတို့လည်း မိမိအိမ်အတွက် ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

ဒိန်ချဉ် ကွတ်ကီးပြုလုပ်ဖို့

ဒိန်ချဉ်က ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ကွတ်ကီးပုံစံလေး လုပ်ထားမယ်ဆိုရင် ကလေးတွေ အကြိုက်ပဲဖြစ်ပါတယ်။ ဒိန်ချဉ်ကို ဆော့စ်ဘူးထဲထည့်ပြီး ဗန်းပေါ်မှာ ကွတ်ကီးပုံသဏ္ဍာန် ညှစ်ပေးလိုက်ပါ။ ပြီးတဲ့အခါ ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် ထည့်ထားလိုက်ပါ။ ဒိန်ချဉ်ကွတ်ကီးလေး ရရှိသွားပါပြီ။

ကြက်သွန်နီ အခွံခွာပြီး လှီးဖြတ်တဲ့အခါ မျက်ရည်မထွက်ချင်ဘူးဆိုရင်

ကြက်သွန်နီ မခွာခင် ၁၅ မိနစ်လောက်အလိုမှ ရေခဲသေတ္တာ အအေးခန်းထဲမှာ ၁၅ မိနစ်ခန့် ကြိုတင်ထည့်ထားလိုက်ပါ။

ကြက်ဥပြုတ်၊ ဘဲဥပြုတ်တွေကို တစ်ချက်တည်းနဲ့ အခွံခွာချင်တယ်ဆိုရင်

ကြက်ဥပြုတ်နေတဲ့အချိန်မှာ သံပုရိုသီး တစ်စိတ်ခန့်ကို ထည့်ပြုတ်တာပဲဖြစ်ဖြစ်၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဝက်ခန့် ထည့်ပြုတ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

ကြက်ဥမပါဘဲ ကိတ်မုန့်၊ ပေါင်မုန့် ဖုတ်ချင်တဲ့အခါ

ငှက်ပျောသီး အသုံးပြုနိုင်ပါတယ်။ ကြက်ဥ ၁ လုံးက ငှက်ပျောသီး တစ်ဝက်နဲ့ အရသာအတူတူပါပဲ။ အစားထိုး အသုံးပြုနိုင်ပါတယ်။

ကော်ဖီချစ်သူများအတွက် ကော်ဖီကောင်းကောင်းလေး သောက်ချင်တယ်ဆိုရင်

ကော်ဖီမနှပ်ခင်မှာ ဆားနှင့် သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်ထည့်ပေးလိုက်ပါ။ ပြီးမှ ကော်ဖီဖျော်ပေးလိုက်မယ်ဆိုရင် ကော်ဖီအခါးဓာတ်က သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

ကြက်သွန်ဖြူ အမြန်ခွာချင်တယ်ဆိုရင်

ကြက်သွန်ဖြူကို Microwave ထဲမှာ ၁၅ စက္ကန့်ခန့် ကြိုထည့်ထားလိုက်ပါ။ အချိန်တိုအတွင်း လွယ်လွယ်ကူကူ ခွာလို့ရပါပြီ။

အရသာပိုကောင်းတဲ့ ငရုတ်ပွ ဝယ်ချင်တယ်ဆိုရင်

ငရုတ်ပွ ဝယ်တဲ့အခါ သူ့ရဲ့ အောက်ခြေကို ကြည့်ကြည့်လိုက်ပါ။ အဖုလေး ၃ ခုပဲ ပါတာဆိုရင် ငရုတ်ပွ အဖိုဖြစ်ပြီး အဖု ၄ ခုပါရင်တော့ ငရုတ်ပွ အမဖြစ်ပါတယ်။ အရမ်းမစပ်ဘဲ လတ်လတ်ဆတ်ဆတ်အသုံးပြုချင်တာဆိုရင်တော့ ငရုတ်ပွ အမကို အသုံးပြုပါ။ အရသာစပ်စပ်လေး အသုံးပြုချင်တယ်ဆိုရင်တော့ ငရုတ်ပွ အဖိုကို အသုံးပြုနိုင်ပါတယ်။

ဓားအစား အသုံးပြုနိုင်မယ့် အပ်ချည်ကြိုး

ကြက်ဥပြုတ်ကို ဓားမပါဘဲ လှီးချင်တာပဲဖြစ်ဖြစ်၊ ဂျုံမှုန့်အစာသွပ်ကို ဓားမပါဘဲ လှီးဖြတ်ချင်တဲ့အခါ အပ်ချည်ကြိုးလေးနဲ့ အသာလေး လှီးဖြတ်ပေးလိုက်ပါ။

Source: Brightside.me

[Zawgyi]

ပန္းသီးကို ဓားမပါဘဲ ဘယ္လိုလွီးျဖတ္ရမလဲ၊ ၾကက္ဥျပဳတ္ အခြံကို တစ္ခ်က္တည္းနဲ႔ ဘယ္လိုခြာရမလဲ၊ ၾကက္သြန္နီ လွီးျဖတ္တဲ့အခါ မ်က္ရည္မက်ဘဲ ဘယ္လိုလွီးရမလဲ စတဲ့အခ်က္ေတြကို ကြ်မ္းက်င္စားဖိုမွဴးေတြကသာ ကြ်မ္းက်င္တတ္ေျမာက္ၾကတာပါ။

စာဖတ္သူတို႔လည္း မိမိအိမ္အတြက္ ကြ်မ္းက်င္တဲ့ စားဖိုမွဴးတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ မျဖစ္မေန သိထားသင့္တဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။

ဒိန္ခ်ဥ္ ကြတ္ကီးျပဳလုပ္ဖို႔

ဒိန္ခ်ဥ္က က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အစားအစာတစ္မ်ိဳးပဲျဖစ္ပါတယ္။ ကြတ္ကီးပံုစံေလး လုပ္ထားမယ္ဆိုရင္ ကေလးေတြ အႀကိဳက္ပဲျဖစ္ပါတယ္။ ဒိန္ခ်ဥ္ကို ေဆာ့စ္ဘူးထဲထည့္ၿပီး ဗန္းေပၚမွာ ကြတ္ကီးပံုသ႑ာန္ ညွစ္ေပးလိုက္ပါ။ ၿပီးတဲ့အခါ ေရခဲေသတၱာထဲမွာ ၁ နာရီခန္႔ ထည့္ထားလိုက္ပါ။ ဒိန္ခ်ဥ္ကြတ္ကီးေလး ရ႐ွိသြားပါၿပီ။

ၾကက္သြန္နီ အခြံခြာၿပီး လွီးျဖတ္တဲ့အခါ မ်က္ရည္မထြက္ခ်င္ဘူးဆိုရင္

ၾကက္သြန္နီ မခြာခင္ ၁၅ မိနစ္ေလာက္အလိုမွ ေရခဲေသတၱာ အေအးခန္းထဲမွာ ၁၅ မိနစ္ခန္႔ ႀကိဳတင္ထည့္ထားလိုက္ပါ။

ၾကက္ဥျပဳတ္၊ ဘဲဥျပဳတ္ေတြကို တစ္ခ်က္တည္းနဲ႔ အခြံခြာခ်င္တယ္ဆိုရင္

ၾကက္ဥျပဳတ္ေနတဲ့အခ်ိန္မွာ သံပု႐ိုသီး တစ္စိတ္ခန္႔ကို ထည့္ျပဳတ္တာပဲျဖစ္ျဖစ္၊ မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း တစ္ဝက္ခန္႔ ထည့္ျပဳတ္တာပဲျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။

ၾကက္ဥမပါဘဲ ကိတ္မုန္႔၊ ေပါင္မုန္႔ ဖုတ္ခ်င္တဲ့အခါ

ငွက္ေပ်ာသီး အသံုးျပဳႏိုင္ပါတယ္။ ၾကက္ဥ ၁ လံုးက ငွက္ေပ်ာသီး တစ္ဝက္နဲ႔ အရသာအတူတူပါပဲ။ အစားထိုး အသံုးျပဳႏိုင္ပါတယ္။

ေကာ္ဖီခ်စ္သူမ်ားအတြက္ ေကာ္ဖီေကာင္းေကာင္းေလး ေသာက္ခ်င္တယ္ဆိုရင္

ေကာ္ဖီမႏွပ္ခင္မွာ ဆားႏွင့္ သစ္ၾကမ္းပိုးေခါက္မႈန္႔ အနည္းငယ္ထည့္ေပးလိုက္ပါ။ ၿပီးမွ ေကာ္ဖီေဖ်ာ္ေပးလိုက္မယ္ဆိုရင္ ေကာ္ဖီအခါးဓာတ္က သိသိသာသာ ေလ်ာ့က်သြားပါလိမ့္မယ္။

ၾကက္သြန္ျဖဴ အျမန္ခြာခ်င္တယ္ဆိုရင္

ၾကက္သြန္ျဖဴကို Microwave ထဲမွာ ၁၅ စကၠန႔္ခန္႔ ႀကိဳထည့္ထားလိုက္ပါ။ အခ်ိန္တိုအတြင္း လြယ္လြယ္ကူကူ ခြာလို႔ရပါၿပီ။

အရသာပိုေကာင္းတဲ့ င႐ုတ္ပြ ဝယ္ခ်င္တယ္ဆိုရင္

င႐ုတ္ပြ ဝယ္တဲ့အခါ သူ႔ရဲ႕ ေအာက္ေျခကို ၾကည့္ၾကည့္လိုက္ပါ။ အဖုေလး ၃ ခုပဲ ပါတာဆိုရင္ င႐ုတ္ပြ အဖိုျဖစ္ၿပီး အဖု ၄ ခုပါရင္ေတာ့ င႐ုတ္ပြ အမျဖစ္ပါတယ္။ အရမ္းမစပ္ဘဲ လတ္လတ္ဆတ္ဆတ္အသံုးျပဳခ်င္တာဆိုရင္ေတာ့ င႐ုတ္ပြ အမကို အသံုးျပဳပါ။ အရသာစပ္စပ္ေလး အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ င႐ုတ္ပြ အဖိုကို အသံုးျပဳႏိုင္ပါတယ္။

ဓားအစား အသံုးျပဳႏိုင္မယ့္ အပ္ခ်ည္ႀကိဳး

ၾကက္ဥျပဳတ္ကို ဓားမပါဘဲ လွီးခ်င္တာပဲျဖစ္ျဖစ္၊ ဂ်ံဳမႈန္႔အစာသြပ္ကို ဓားမပါဘဲ လွီးျဖတ္ခ်င္တဲ့အခါ အပ္ခ်ည္ႀကိဳးေလးနဲ႔ အသာေလး လွီးျဖတ္ေပးလိုက္ပါ။

Source: Brightside.me