အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်စုံစုံလင်လင် ပါဝင်တဲ့ ဟင်းချို ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၃ လုံး
  • ဂျင်း ၂ ပြား
  • အာလူး ၁ လုံး (အခွံခွာပြီး အတုံးသေး တုံးထားပါ)
  • မုန်လာဥနီ ၁ လုံး (အခွံခွာပြီး အတုံးသေးသေး တုံးထားပါ)
  • တရုတ်နံနံ ၂ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ရေ ၂ လီတာ
  • မှို ၂ ပွင့် (ရင့်သောအပိုင်းကို ဖယ်ရှားပြိး ပါးပါးလှီးထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးရဲ့ အပေါ်မျက်နှာပြင်ကို ကြက်ခြေခတ်ပုံသဏ္ဍာန် ဓားရာပေးထားပါ။ ထို့နောက် အိုးတစ်လုံးထဲ ရေထည့်ကာ ရေနွေးပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ရေနွေးဆူလာပါက ခရမ်းချဉ်သီးကို ၂ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၂။ ဓားရာပေးထားတဲ့အတွက်ကြောင့် ခရမ်းချဉ်သီးကို အလွယ်တကူ အခွံခွာလို့ရပါပြီ။ အခွံခွာပြီးနောက် အတုံးသေး တုံးထားပါ။

၃။ အိုးတစ်လုံးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ဂျင်းနှင့် ခရမ်းချဉ်သီးတို့ထည့်ပြီး ၃ မိနစ်မှ ၅ မိနစ်အထိ မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ရေ ၂ လီတာထည့်ပြီး ၁၀ မိနစ်ခန့် တည်ထားပါ။ အာလူး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ကြက်သွန်နီတို့ထည့်ပြီး နောက်ထပ် ၁၀ မိနစ်ခန့် တည်ထားပါ။

၅။ အာလူးနှင့် မုန်လာဥနီတို့ နူးအိသွားပါက မှိုထည့်ပြီး ၃ မိနစ်ခန့် ဆက်တည်ထားပါ။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး နောက်ဆုံးတစ်ကြိမ် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ဟင်းချိုလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Chinasichuanfood.com