အားလုံးပဲ မင်္ဂလာပါ။  အာလူးကြော် ချစ်သူများအတွက် ဒီတစ်ခါမှာတော့ Air Fryer နဲ့ အလွယ်တကူ ကြော်ထားတဲ့ အရသာရှိသော အာလူးကွက်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၄ လုံး
  • ပေါင်မုန့် အကြေအစများ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီးနောက် ရေဆေးပါ။ ထို့နောက် ခြစ်ပြားဖြင့် ခြစ်ချထားပါ။

၂။ ရရှိလာသော အာလူးချောင်းများကို ရေအေးထဲတွင် ၁၀ မိနစ်မှ မိနစ် ၂၀ အထိ စိမ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ရေများကို ဖယ်ရှားပြီး အာလူးကို အရည်စင်အောင် ညှစ်ထားလိုက်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲတွင် မီးအပူချိန် ပြင်းပြင်းဖြင့် ၄ မိနစ်၊ ၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။ တစ်မိနစ်ပြည့်တိုင်း တစ်ခါ အာလူးများကို မွှေပေးရပါမယ်။

၄။ ထို့နောက် အာလူးများကို လင်ဗန်းထဲ ထည့်ပြီးနောက် သန့်ရှင်းသော အဝတ်စဖြင့် ခြောက်အောင် ပုတ်ပေးလိုက်ပါ။

၅။ အာလူးကို ပန်းကန်လုံးထဲ ပြန်ထည့်ပြီးနောက် ပေါင်မုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်တို့ဖြင့် သမအောင် ရောနယ်ပေးလိုက်ပါ။

၆။ ထို့နောက် အာလူးအနည်းငယ်ကို ဇွန်းဖြင့် ခပ်ပြီးနောက် အဝိုင်း ပုံသဏ္ဍာန် ဖြစ်အောင် ပြုလုပ်ပါ။ ထို့နောက် လင်ဗန်းပေါ်တင်ပြီး ပြားသွားအောင် ဖိချပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့် အအေးခံထားလိုက်ပါ။ ထိုအချိန်တွင် Air Fryer ကို အပူချိန် ၃၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၇။ ထို့နောက် Air Fryer အတွင်းဘက်ကို ဆီဖြင့် သုတ်လိမ်းလိုက်ပါ။ ပြီးရင်တော့ အာလူးဝိုင်းများကို ၁၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ (၇ မိနစ်၊ ၈ မိနစ်တွင် အာလူးများကို အခြားတစ်ဖက်သို့ လှန်ပေးရပါမယ်)

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးကွက်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thespruceeats.com