အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချက်ပြုတ်ပြင်ဆင်ရလွယ်ကူပြီး အရသာရှိတဲ့ အာလူး ပန်းဂေါ်ဖီကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၄၀၀ ဂရမ် (အနေတော် အတုံး လှီးဖြတ်ပြီးနောက် ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ)
  • အာလူး ၅ လုံး၊ ၆ လုံးခန့် (အခွံခွာပြီးနောက် Wedges ပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • မဆလာ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နံနံပင်အနည်းငယ်
  • ဆီ (သို့) ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ (သို့) ထောပတ်ထည့်ပါ။ ဆီပူလာပါက မီးအပူချိန် အေးအေးဖြင့် အာလူးများ ထည့်ကြော်လိုက်ပါ။

၂။ ခြောက်မိနစ်၊ ခုနစ်မိနစ်ခန့်ကြာပြီးနောက် ပန်းဂေါ်ဖီထည့်ပြီး နောက်ထပ် ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ဇွန်းထည့်ပြီး သမအောင် ထပ်မွှေပါ။ ထို့နောက် နနွင်းမှုန့်၊ ငရုတ်သီးမှုန့်နှင့် ဆားတို့ထည့်ပြီး သမအောင် ထပ်မွှေကြော်ပါ။

၅။ ထို့နောက် ဒယ်အိုးအဖုံးအုပ်ထားပြီးနောက် မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ထိုကဲ့သို့ တည်နေစဉ်အတောအတွင်းမှာ ၂ ကြိမ်ခန့် မွှေပေးဖို့ လိုပါလိမ့်မယ်။ (ရေထည့်စရာမလိုပါဘူး)

၆။ သတ်မှတ်ချိန်ပြည့်ပါက အဖုံးဖွင့်ပြီး မဆလာထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အာလူး ပန်းဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Vegrecipesofindia.com