အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တမူအရသာရှိလှတဲ့ အာလူး ကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
လုပ်ရတာလည်း လွယ်ကူလျှင်မြန်ပါတယ်။
အာလူးကို လှီးပြီး ပြုတ်လိုက်ပါ။ ပြီးရင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကြော်ပေးရမှာဖြစ်ပါတယ်။
စားချင်စရာလည်းကောင်းလို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်း
- အာလူး (၄) လုံး
- ငရုတ်သီးမှုန့် အနည်းငယ်
- နနွှင်းမှုန့်အနည်းငယ်
- နံနံ စေ့မှုန့် အနည်းငယ်
- မာဆလာမှုန့်အနည်းငယ်
- နံနံပင်အနည်းငယ်
- ဆီ
- ဆား
အရင်ဆုံး အာလူးကို အခွံနွှာလိုက်ပြီး ထက်ခြမ်းခြမ်းပါ။ ပြီးရင်အတုံးလေးတွေ အရှည်လိုက် ထပ်ခြမ်းပေးလိုက်ပါ။
ရေသေချာဆေးပြီး ပြုတ်ပေးလိုက်ပါ။ ဆားနည်းနည်းထည့်ပြုတ်ပါ။ တစ်ဝက်လောက်ကျပ်ပြီဆိုရင် ဆည်ပေးထားလိုက်ပါ။
ပြီးရင်တော့ ဆီကိုအပူပေးလိုက်ပါ။ အာလူးကိုထည့်ကြော်လိုက်ပါ။ အာလူးညိုလာရင် ဆယ်ယူလိုက်ပြီး ဆီဆစ်ထားလိုက်ပါ။
ပြီးရင်တော့ နောက်ထပ်အိုးအသစ်တစ်ခုကိုအပူပေးပါ။ ဆီမထည့်ဘဲ ဟင်းခတ်အမွှေးအကြိုက်တွေနဲ့ထပ်လှော်ပေးလိုက်ပါ။
အနံ့လေးမွှေးလာပြီး အညိုရောင်သန်းလာရင် ရပါပြီနော်။
ပြီးရင် နံနံပင်အပေါ်ကနေ ဖြူးပေးလိုက်ပါ။
Source: www.tasty-india-recipes.com
By: MyFood Myanmar