အားလုံးပဲ မင်္ဂလာပါ။ ဟင်းသီးဟင်းရွက်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပဲပြား ပန်းဂေါ်ဖီစိမ်းကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ပဲပြား တစ်တုံး
  • ပန်းဂေါ်ဖီစိမ်း ၄ ပုံ ၁ ပုံ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သကြား၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ပဲပြားကို အနေတော် အတုံးထုံးထားလိုက်ပါ။ ထိုပဲပြားတုံးများကို စောစောက ရောမွှေထားသော ပဲငံပြာရည်ပန်းကန်ထဲသို့ လောင်းထည့်ကာ သမအောင် ထည့်မွှေပေးလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားပေးရပါမယ်။

၃။ အိုးတစ်လုံးထဲတွင် ရေထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ရေနွေး ပွက်ပွက်ဆူလာပါက ပန်းဂေါ်ဖီစိမ်းများထည့်ပြီး တစ်မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ တစ်မိနစ်ပြည့်ပါက ပန်းပွင့်များကို ရေခဲရေထဲ ချက်ချင်းပြောင်းထည့်ပေးရပါမယ်။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပဲပြားတုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။ ပဲပြားများ မကျက်တကျက်အချိန်မှာ ပန်းဂေါ်ဖီစိမ်းများကို ဒယ်အိုးထဲထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ နှမ်းဆီနှင့် ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား ပန်းဂေါ်ဖီစိမ်းကြော် ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicysouthernkitchen.com