ပါဝင်ပစ္စည်းများ
- သစ်တော်သီး (အဝါ) – ၁ လုံး
- မှုန်လာဥအပန်းရောင်(အဝိုင်း) ၃ လုံး
- ပူဒီနာရွက် စားပွဲတင်ဇွန်း ၃ ဇွန်း(သို့) အခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- တို့ဟူး အပျော့ ၁ထုတ်
- နှမ်းစေ့ – လ္ဘက်ရည်ဇွန်း ၂ ဇွန်း
- မုန်လာဥ (အနု) သို့ ဂျင်း (နု) – လ္ဘက်ရည်ဇွန်း ၂ ဇွန်း
- အချဉ်ရည်
- သံလွင်ဆီ – လ္ဘက်ရည်ဇွန်း ၂ ဇွန်း
- ဆန်ရှာလကာရည် (သို့) ပန်းသီးရှာလကာရည် လ္ဘက်ရည်ဇွန်း ၂ ဇွန်း
- နှမ်းဆီ – လ္ဘက်ရည်ဇွန်း တစ်ဝက်
- ဂျင်းနု – လ္ဘက်ရည်ဇွန်း ၂ ဇွန်း (ခြစ်)
- ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- ပါဝင်သောပစ္စည်းအားလုံးကို ပုဂံလုံး(သို့) အဖုံးပါသောပုလင်းထဲသို့ ထည့်၍ရောနှောပါ။ သစ်တော်သီးနှင့် မုန်လာဥနီကို ပါးပါးလှီးပါ။
- တို့ဟူးကို အတုံးသေးသေးတုံးပါ။ ပုဂံပြားတစ်ခုထဲသို့ သစ်တော်သီးနှင့် မုန်လာဥနီကို ပန်းပုံသဏ္ဍာန်ဖြစ်အောင် လှပအောင် စီရီလိုက်ပါ။
- တို့ဟူးများကို အလယ်ခေါင်တွင်ထားပါ။
- မုန်လာဥအနု (သို့) ဂျင်းအနုကလေးများကို အပေါ်တွင်တင်ပါ။ ပူဒီနာရွက်နှင့် နှမ်းစေ့တို့ကို အပေါ်တွင်ဖြူးတင်ပါ။
- အချဉ်ရည်စော့ကို လှုပ်ခါပြီး အပေါ်သို့လောင်းတင်ပါ။