ပါဝင်ပစ္စည်းများ
- ကညွတ်
- မြေပဲ
- ပုဇွန်ခြောက်မှုန့်
- ကြက်သားမှုန့် (သို့မဟုတ်) သကြား
- ငံပြာရည်
- ကြက်သွန်ဖြူဆီချက်
- ကြက်သွန်နီကြော်
- နှမ်း
- သံပုရာသီး
- ငရုတ်သီးအနီ
ပြင်ဆင်ပြုလုပ်နည်း
- ကညွတ်ကို မထူးမပါး အစောင်းလေးတွေ လှီးဖြတ်ပြီး ရေဆေးသန့်စင်ထားပါ ။ ရေနွေးဆူအိုးထဲသို့ ဆား ၊ ဆီတို့ကို ထည့်ပြီး ကညွတ်ထည့်ပြုတ်ပါ ။ ဆယ်ယူပြီး ရေခဲရေထဲတွင် စိမ်ထားပါ ။
- ကြက်သွန်ဖြူ ဆီသတ်ထားပါ ။ ကြက်သွန်နီကို ကြော်ထားပြီး ဆီစစ် အအေးခံထားပါ ။
- ငရုတ်သီးအနီကို ရေးဆေးသန့်စင်ပြီး အစောင်းလှီးထားပါ ။ မြေပဲကို ထောင်းထားပါ ။ သံပုရာရည် ညှစ်ထားပါ ။
အသုပ်သုပ်နည်း
1. အားလုံးပြင်ဆင်ပြီးသွားပြီဆိုလျှင် ရေခဲရည်စိမ်ထားသော ကညွတ်ကို ဆယ်ယူပြီး ရေစစ်ပါ ။ ပြီးလျှင် ကြက်သွန်ဖြူဆီချက် ၊ ပုဇွန်ခြောက်မှုန့် ၊ မြေပဲထောင်း၊ ကြက်သားမှုန့် (သို့မဟုတ် ) သကြား ၊ ငံပြာရည်အနည်းငယ် ၊ နှမ်း ၊ ငရုတ်သီး ၊ သံပုရာရည်တို့ကို ထည့်နယ်ပါ ။ အသုပ်အပေါ်မှ ကြက်သွန်နီကြော် ဖြူးပေးပါ ။ ချဉ်ငံစပ်အရသာရယ် ကညွတ်ရဲ့ ခါးသက်သက်အရသာရယ်ဆိုတော့ အရသာစုံ ပေးစွမ်းတဲ့ ကညွတ်သုပ်ရပါပြီ ။
Credit: April Lwin