အခါးကြိုက်တဲ့ ပရိတ်သတ်တို့ရေ။ ကြက်ဟင်းခါးသီးကတော့ ကျန်းမာရေးနဲ့ အထူးညီညွတ်တာ အားလုံးလည်းသိမှာပါ။ ခါးသက်သက်အရသာနဲ့ ကြက်ဟင်းခါးသီးကို ခါးပေမယ့်လည်း တချို့ကတော့ တော်တော်ကြိုက်ကြပါတယ်။ ဒါကြောင့် အခုပဲ ချက်နည်းလေးကို ဖော်ပြလိုက်ပြီနော်။

ပါဝင်ပစ္စည်း

  • ကြက်ဟင်းခါးသီး အလုံးသေး – ၂၀ (ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်နီ – ၂ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၈ မွှာ (ထောင်းထားပါ)
  • ခရမ်းချဉ်သီး – ၃ လုံး (မထူမပါး လှီးထားပါ)
  • မျှင်ငပိ – ၁ ဇွန်း/ ထမင်းစားဇွန်း (အရည်ဖျော်ထားပါ)
  • ငရုတ်ကြမ်းမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)
  • ဆနွင်း – အနည်းငယ်
  • ဆား – အနည်းငယ်
  • ရေ – အနည်းငယ်

ပြုလုပ်နည်း

ကြက်ဟင်းခါးသီးကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်၍ ဆားနှင့်နယ်ပြီး အခါးရည်တွေ ညှစ်ထုတ်ပြီး ရေသေချာပြန်ဆေးပါ။

ဒယ်အိုးထဲတွင် ကြက်ဟင်းခါသီး၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆနွင်း၊ ငရုတ်ကြမ်းမှုန့်၊ ပုဇွန်ခြောက်၊ ငပိ၊ ခရမ်းချဉ်သီး၊ ဆီ၊ ဆားတို့ ထည့်နယ်ပြီးလုံးပါ။

မွှေးလာလျှင် ရေအနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် အုပ်ချက်ပါ။ မိနစ် ၃၀ ခန့်တွင် နူးအိနေသော ကြက်ဟင်းခါးသီးချက်ကို အစဉ်သင့်ဖြစ်ပါပြီ။

အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။