အာလူးစားရတာကို ကြိုက်တဲ့လူတွေအတွက် အာလူးကဗျာလွတ်ကြော်ဆိုတဲ့ သရေစာလေးလုပ်စားကြမယ်။
ပါဝင်ပစ္စည်းများ
Source: Potato Market
- အာလူးအလုံးသေး ၂၅ကျပ်သား
- ထောပတ် ၁ဇွန်း
- ဆား အနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ကြက်သွန်မြိတ် ၂ပင်
ပြုလုပ်နည်း
အာလူးတွေကို ရေဆေးပြီး အခွံခွာပြီး အနည်းငယ်လေး ကွဲအက်သွားအောင် ထုခြေပေးပါ။ မကပ်တဲ့ဒယ်အိုး (Non-Stick Pan ) မှာ ထောပတ်ကိုအပူပေးပါ။ (အနိမ့်ဆုံးမီးအပူချိန်ဖြစ်ရပါမယ်)
Source: ZimboKitchen
အာလူးတွေကိုထည့်ပြီးအဖုံးဖုံးထားပါ။ (အဖုံးဖုံးထားမှ အာလူးရဲ့အတွင်းသားတွေ ထိကျက်ပြီး လျှော့ချထားတဲ့ မီးအပူချိန်ကြောင့် အပြင်ဖက်မှာ မိမိလိုချင်တဲ့ အရောင်နှင့် ကြွပ်ရွမှုကိုရမှာပါ။)
ပုံပါအတိုင်း မိမိလိုချင်တဲ့ အနေအထားရောက်ပါမှ ဆား၊ ငရုတ်ကောင်းမှုန့်လေးဖြူးပေးပါ။ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေး အပေါ်မှဖြူးပေးပါ။
Credit: ဟင်းချက်နည်းများ