အာလူးကြိုက်သူများအတွက် အာလူးကို ဒီတိုင်းကြော်စား၊ ချက်စားတာမျိုးမဟုတ်ပဲ ခရုဆီဆော့စ်နဲ့ အရသာရှိရှိလေးဖြစ်အောင် ကြော်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ အရသာအသစ်အဆန်းဖြစ်တာကြောင့် အာလူးကြိုက်တယ်ဆိုရင် လုပ်စားကြည့်သင့်ပါတယ်။

အာလူး – ၄၀၀ ဂရမ်ကို ပုံမှာပြထားသလောက် အတုံးလေးတွေလှီးပြီး ရေထဲမှာ မိနစ် ၃၀ လောက်စိမ်ထားပါ။

စိမ်ပြီးရင် ဆီအိုးထဲထည့်ကြော်ပါမယ်။ အာလူးနည်းနည်းနူးပြီဆိုရင် လှီးထားတဲ့ကြက်သွန်တွေကိုပါ ထည့်ကြော်ပါမယ်။

ကြာညို့ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီဆော့စ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကိုထည့်ပြီး မွှေပေးပါ။

ရေ – ၁၂၀ မီလီလီတာထည့်ပြီး အဖုံးပိတ်ကာ ၅ မိနစ်လောက်တည်ထားပေးပါ။ အချိန်ပြည့်ရင် အဖုံးဖွင့်ပြီး ငရုပ်ကောင်းမှုန့် အနည်းငယ်ဖြူးပေးပြီး နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မွှေပေးပါ။

ခဏနေရင်တော့ ပန်းကန်ထဲခူးထည့်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ အာလူးကိုခရုဆီဆော့စ်နဲ့ အရသာရှိရှိလေးဖြစ်အောင် ကြော်ပြီးပြီမို့ ထမင်းဖြူပူပူလေးနဲ့တွဲစားရင် ထမင်းစားမြိန်မှာ သေချာပါတယ်။