အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဟင်းရွက်အစပ် အရံဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ကိုရီးယားစတိုင်လ် ကညွှတ်သုပ်စပ်စပ်လေးကို အရသာရှိရှိ ဘယ်လိုလုပ်စားကြမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• ကညွှတ် ၁ ပေါင်
• ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
• ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
• ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
• နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကညွှတ်များကို ၂ လက်မ အရှည်ခန့် လှီးဖြတ်လိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေအပြည့်ထည့်ပြီး ဆားထည့်ကာ ဆူပွက်လာအောင် တည်လိုက်ပါ။ ဆူပွက်လာပါက ကညွှတ်များကို ၃ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက် ကညွှတ်များကို ဆယ်ယူလိုက်ပြီးနောက် ရေအေးထဲတွင် အေးသွားအောင် စိမ်ထားလိုက်ပါ။

၃။ ငရုတ်နှစ်၊ ရှာလကာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ နှမ်းဆီနှင့် နှမ်းစေ့တို့ကို ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ကညွှတ်များကို ရေအေးထဲမှ ဆယ်ယူပြီးနောက် ပန်းကန်လုံးထဲထည့်ကာ စောစောက မွှေထားသော ဆော့စ်များကို ကညွှတ်ပေါ် လောင်းချပေးလိုက်ပါ။ ထို့နောက် သမအောင် ရောနယ်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်နိုင်ပါတယ်။ လိုအပ်ပါက ရှာလကာရည်၊ သကြားတို့ကို ထပ်ထည့်နိုင်ပါသေးတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကညွှတ်သုပ် စပ်စပ်လေးကို ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com