သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အခွံတို့ကို အလဟဿလွှင့်ပစ်လိုက်ခြင်း အလေ့အကျင့်ကို ဒီနေ့ကစပြီး ဖျောက်ဖျက်ပစ်လိုက်ကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ သစ်သီးခွံများက သင့်ရဲ့ အလှအပ၊ ကျန်းမာရေးနဲ့ အိမ်တွင်းသန့်ရှင်းရေးအတွက် အသုံးတည့်လို့ပါပဲ။

ဘယ်သစ်သီးခွံတွေကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

သံပုယိုသီးအခွံ

Source: bargainbabe.com

ရေနွေးခရားအသုံးပြုတဲ့အချိန် အနည်းငယ်ကြာမြင့်လာတဲ့အခါ ခရားရဲ့အောက်ခြေမှာ အနည်အနှစ်တွေစုပုံလာခြင်းကြောင့် ညှစ်ပတ်သွားတတ်ပါတယ်။ ထိုအနည်အနှစ်များကို ဖယ်ရှားပြီး ရေနွေးခရားအသစ်တစ်လုံးလို ပြန်လည်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပုယိုသီးအခွံကို ထိုရေနွေးခရားထဲထည့်ပြီး ဆူပွက်အောင် တည်ထားလိုက်ပါ။ ဆူပွက်လာပြီဆိုရင် မီးပိတ်ထားပြီး တစ်နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေလှယ်လိုက်လို့ရပါပြီ။

သွားများ ဖြူဖွေးဝင်းပဖို့ လိမ္မော်သီးအခွံကို အသုံးပြုလိုက်ပါ

Source: www.kidspot.com.au

လိမ္မော်သီးအခွံကို တစ်လက်မလောက် ညှပ်ထုတ်ပြီးတဲ့နောက်မှာ လိမ္မော်သီးရဲ့ အပြင်ဘက်အခွံနဲ့ သွားကို ပွတ်တိုက်ပေးလိုက်ပါ။ အခွံထဲမှာ ပါဝင်တဲ့ အက်စစ်ဓာတ်က သွားများဖြူဖွေးဝင်းပလာအောင် ကူညီပေးပါလိမ့်မယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါမှာ သွားတိုက်ပေးလိုက်ပါ။ ချက်ချင်းသွားတိုက်မယ်ဆိုရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာတွေ အားနည်းသွားနိုင်တာကြောင့် မိနစ်အနည်းငယ် စောင့်ပေးဖို့ လိုပါမယ်။

ထောပတ်သီးအခွံ

Source: loveonetoday.com

ထောပတ်သီးအခွံက မျက်နှာအသားအရေကို အစိုဓာတ်ထိန်းပေးထားနိုင်တယ်ဆိုတာ သင် သိပါသလား။ ထောပတ်သီးအခွံထဲမှာ ပါဝင်တဲ့ Fatty Acids က မျက်နှာအသားအရေအတွက်ရော ဆံပင်ကျန်းမာရေးအတွက်ပါ အသုံးတည့်ပါတယ်။ ထောပတ်သီးအသားကို အသုံးပြုပြီးသွားတဲ့အခါ ကျန်ခဲ့တဲ့အခွံကို မျက်နှာနဲ့ ဆံကေသာပေါ်မှာ ညင်ညင်သာသာလေး ပွတ်တိုက်ပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေဆေးချလိုက်ပါ။

မျက်ကွင်းညိုခြင်း၊ မျက်လုံး ဖောင်းအစ်ခြင်း၊ နီမြန်းခြင်းတို့အတွက် အသုံးတည့်တဲ့ အာလူးအခွံ

Source: www.downtoearth.org.in

အာလူးအခွံရဲ့ အတွင်းဘက်အခြမ်းကို မျက်လုံးပေါ်မှာ ၁၀ မိနစ်ခန့် ကပ်ပေးထားလိုက်ပါ။ အာလူးခွံထဲမှာပါဝင်တဲ့ Catecholase အင်ဇိုင်းဓာတ်က အသားအရေကို ပြန်လည်ဝင်းပလာအောင် စွမ်းအောင်ပေးနိုင်တာကြောင့် မျက်ကွင်းညိုခြင်းကို အပြီးအပိုင်နှုတ်ဆက်နိုင်ပါပြီ။

ငှက်ပျောခွံ

Source: www.quickanddirtytips.com

မိမိအိမ်ထဲမှာ အလှစိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ အရောင်ညှိုးနွမ်းသွားလို့ စိတ်ညစ်နေပါသလား။ ငှက်ပျောခွံ အသုံးပြုပေးလိုက်ပါ။ ငှက်ပျောသီးစားပြီးလို့ ကျန်ခဲ့တဲ့ အခွံကို မလွှင့်ပစ်ဘဲ အိမ်ထဲက ပန်းပင်လေးတွေရဲ့ အရွက်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ သင့် အိမ်ခန်းလည်း အနံ့အသက် မွှေးပျံ့လာမှာဖြစ်သလို ပန်းပင်တွေကလည်း စိမ်းစိမ်းစိုစိုလေးနဲ့ လန်းဆန်းလာပါလိမ့်မယ်။