အဆီချ ချင်သော မမများအတွက် အကောင်းဆုံးသော ထောပတ်သီးသုတ်ပါ။ ဒီမှာကတော့ ထောပတ်သီးကို များသောအားဖြင့်   ဖျော်ရည်အဖြစ်နဲ့ပဲ စားကြတယ်။ ခုလိုမျိုး တစ်ခါလောက် လုပ်စားကြည့်ရအောင် အပြောင်းအလဲ ဖြစ်တာပေါ့။

ပါဝင်ပစ္စည်းများ

ထောပတ်သီး – ၂လုံး

သခွာသီး – ၁လုံး

ပူစီနံ (ကြိုက်နှစ်သက်လျှင်)

မြန်မာနံနံပင်

အရသာအတွက် ပါဝင်ပစ္စည်းများ

မီရင်း (Mirin) ဟင်းချက်အရက်ချို

ဗီနီဂါ (သို့) သံပုရာရည်

ပဲငံပြာရည်အကြည်

သကြား

သံလွင်ဆီ

ပြင်ဆင်ပြုလုပ်နည်း

1. ထောပတ်သီးကို အတုံးလေးတွေ တုံးပါ။ သခွားသီးကို ပါးပါးလှီးပါ။ နံနံပင်ကိုလည်း လှီးထားပါ။

2. ပြီးတာနဲ့ ဇလုံထဲမှာ ဟင်းချက်အရက်ချိုတစ်ဇွန်း၊ ပဲငံပြာရည်အကြည်နှစ်ဇွန်း၊ သကြားအနည်းငယ်၊ ဗီနီဂါ (သို့မဟုတ်) သံပုရာရည်အနည်းငယ်၊ သံလွင်ဆီ တစ်ဇွန်းထည့်ပြီး သမအောင် ဖွဖွလေးမွှေပေးပြီးတာနဲ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ထောပတ်သီးသုတ်တစ်ပွဲ ရပါပြီ။

Credit: Sango’s Currie