အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အာလူး ကြက်သားဟင်း အချိုချက်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၃ လုံး (အခွံခွာပြီး အတုံးကြီးကြီး တုံးထားပါ)
  • ကြက်သား ၁.၂ ကီလိုဂရမ်
  • ကြက်သွန်နီ ၃ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • အချဉ်ဖောက်ထားသော ပဲပိစပ် စားပွဲတင်ဇွန်း ၃ ဇွန်း

  • သကြားညို ၃၀ ဂရမ်
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ ထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၂။ ထို့နောက် ပဲပိစပ်နှင့် သကြားညိုတို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ (၃ မိနစ်၊ ၄ မိနစ်ခန့်) မွှေပေးလိုက်ပါ။

၃။ သကြားများ ပျော်ဝင်သွားပြီဆိုရင်တော့ ကြက်သား၊ အာလူး၊ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်းတို့ထည့်လိုက်ပါ။

သမအောင် မွှေပြီးနောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ကြက်သားနှင့် အာလူးများ ကျက် မကျက်၊ နူး မနူး စစ်ဆေးကြည့်လိုက်ပါ။

အာလူးနှင့် ကြက်သားများ နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com