အာလူး ကြက်သားဟင်းဆိုတာ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အာလူး ကြက်သားဟင်းကို သကြားအနည်းငယ်ထည့်ပြီး အချိုချက်ဖြစ်အောင် ဘယ်လိုချက်မလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃ လုံး (အခွံခွာပြီး အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ကြက်ပေါင်သား ၁.၂ ကီလိုဂရမ်
  • ကြက်သွန်နီ ၆ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၁၀ မြွှာ
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

  • အချဉ်ဖောက်ထားသော ပဲပိစပ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား ၃၀ ဂရမ်
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ပဲပိစပ်အနှစ်နှင့် သကြားတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် သကြားများ ပျော်ဝင်သွားသည်အထိ မွှေပါ။

၃။ ထို့နောက် ကြက်သား၊ အာလူး၊ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ ၅၀၀ မီလီလီတာတို့ထည့်ပါ။ သမအောင် မွှေပြီးနောက်မျာ အလယ်အလတ်မီးအပူချိန်ဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားပါ။

၄။ အာလူးလည်း နူးအိသွားပြီ။ ကြက်သားလည်း ကျက်သွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ထို့နောက် ဇလုံထဲ ပြောင်းထည့်ကာ နံနံပင်လေး အုပ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ကြက်သားဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Asianfoodnetwork.com