အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအတွက် အသင့်တော်ဆုံးဖြစ်တဲ့ ကြက်ဥ Muffin ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဒီကြက်ဥ Muffin လေးကို နွားနို့နဲ့ပဲဖြစ်ဖြစ်၊ ကော်ဖီပူပူလေးနဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသုံးမယ်ဆိုရင်တော့ အင်မတန်မှလိုက်ဖက်တဲ့ အစားအစာ အတွဲအဖက်တစ်ခုပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း ၃၅၀ ဂရမ်
  • ဟင်းချက်စပရေး
  • ဝက်သားပြား ၃ ပြား
  • ကြက်ဥ ၈ လုံး
  • နွားနို့ ၆၀ မီလီလီတာ

  • ချိစ် ၂ အောင်စခန့် (အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင် အပူပေးထားပါ။

၂။ ပေါင်မုန့်ဖုတ်တဲ့ ပုံစံခွက်လေးများကို ဟင်းချက်စပရေးဖြင့် ပက်ဖြန်းထားပါ။ ပန်းဂေါ်ဖီစိမ်းများ၊ ဝက်သားများကို ခပ်သေးသေးတုံးပြီးနောက် ပုံစံခွက်ထဲ ထည့်ထားလိုက်ပါ။

၃။ ကြက်ဥများကို ဇလုံတစ်လုံးထဲ ခွဲထည့်လိုက်ပါ။ နွားနို့၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခပ်ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။

၄။ မွှေခလောက်ထားသော ကြက်ဥများကို ပုံစံခွက်ထဲသို့ အညီအမျှ လောင်းထည့်လိုက်ပါ။ ချိစ်များကို အပေါ်မှာ ထပ်ထည့်လိုက်ပါ။ ထို့နောက် Oven ထဲမှာ မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။

အချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး ပုံစံခွက်ထဲမှတဆင့် ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာဆိမ့်သက်လေးနဲ့ စားလို့ကောင်းတဲ့ ဝက်သား ပန်းဂေါ်ဖီစိမ်း ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။

Source: Thegirlonbloor.com