ထမင်း လုံးဝမပါဘဲ ထမင်းကြော် ကြော်စားလို့ရတယ်ဆိုတာကို အစားအသောက်ချစ်သူတို့ သိပြီးကြပါပြီလား။ တစ်ခါမှ မလုပ်စားဖူးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ကင်ချီ ပန်းဂေါ်ဖီထမင်းကြော် ကြော်စားကြည့်လိုက်ပါ။

ပန်းဂေါ်ဖီကို ထမင်းပုံစံဖြစ်သွားအောင် ချေမွပြီးတော့ ကင်ချီ၊ ဝက်သား၊ ကြက်ဥ စတာတွေနဲ့ အရသာရှိရှိ ကြော်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ၄ အောင်စ (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ စည်း (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပန်းဂေါ်ဖီ ၂ ပေါင်ခန့်
  • ငရုတ်သီးမှုန့်အနည်းငယ်
  • ကြက်ဥ ၆ လုံး (ကြက်ဥ ၂ လုံးကို Half-Fried ကြော်ထားပါ)
  • ဆားအနည်းငယ်

ကင်ချီဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကင်ချီအရည် ၁၂၅ မီလီလီတာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းဂေါ်ဖီကို အပွင့်ခပ်သေးသေးလေးရအောင် လှီးဖြတ်ထားပါ။ ထို့နောက် အစားအစာများ တုံးတစ်ရောနှောသည့် စက်ထဲထည့်ပြီး ချေမွပေးလိုက်ပါ။ ထမင်းပုံသဏ္ဍာန် ရရှိသွားပါလိမ့်မယ်။ ရရှိလာတဲ့ ပန်းဂေါ်ဖီထမင်းကို ပန်းကန်လုံးထဲ ပြောင်းထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဝက်သားပြားထည့်ကာ ကြွပ်ရွလာသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ဆီအနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်နီတို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ကင်ချီထည့်ကာ တစ်မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီထမင်းထည့်ကာ ၈ မိနစ်ခန့် ကြော်ပေးရပါမယ်။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်ဥ ၄ လုံးကို ဖောက်ထည့်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥများ ကျက်သွားသည်အထိ သမအောင် မွှေကြော်ပေးလိုက်ပါ။ ကင်ချီအရည်နှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် မွှေပေးပါ။

၄။ နောက်ဆုံးအဆင့်အနေနဲ့ ဆားအနည်းငယ်ထည့်ကာ မွှေကြော်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကင်ချီအရသာ ပန်းဂေါ်ဖီထမင်းကြော်လေး ရရှိသွားပါပြီ။ ထမင်းပန်းကန်ထဲ ပြောင်းထည့်ပြီးနောက် ကြက်ဥ Half-Fried လေးကို ထမင်းကြော်ပေါ် တင်လိုက်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Getinspiredeveryday.com