အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အပ်မှိုကို ထည့်လိပ်ထားတဲ့ ဝက်သားလိပ် အပ်မှိုကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• အပ်မှို ၃ အောင်စခန့်
• ဝက်သားပြား ၃ ပြား
• သွားကြားထိုးတံ ခြောက်ချောင်းခန့်
• လှော်ထားသော နှမ်း လက်တစ်ဆုပ်စာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အပ်မှိုများကို ရေစင်အောင်ဆေးထားပြီး အရင်းကို ဓားနဲ့ ဖြတ်ထားလိုက်ပါ။

၂။ ဝက်သားပြားကို အလယ်တည့်တည့်ကနေ ထက်ဝက်ပိုင်းဖြတ်လိုက်ပါ။

၃။ ထို့နောက် အပ်မှိုကို ဝက်သားပြားရဲ့အလယ်တည့်တည့်မှာ ထားထားပြီး ဝက်သားပြားကို လိပ်ပေးလိုက်ပါ။ ထို့နောက် သွားကြားထိုးတံဖြင့် ထိုးထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် အပ်မှို ဝက်သားလိပ်ကို ဒယ်အိုးထဲ ထည့်ကြော်လိုက်ပါ။ ဝက်သားများ ရွှေညိုရောင် သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး နှမ်းစေ့လေးများကို ဝက်သားပြားပေါ်မှာ ဖြူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အပ်မှို ဝက်သားလိပ်ကြော်လေးကို ထမင်းနဲ့အတူ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com