လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး။ အထူးသဖြင့် ပထမဆုံး ပြုလုပ်ရတဲ့ကိစ္စဆိုရင် အမှးပြုလုပ်မိကြစမြဲပါပဲ။ ဒါပေမဲ့ ထိုအမှားကို ထပ်တလဲလဲ မကျူးလွန်မိဖို့ အရေးကြီးပါတယ်။

ဟင်းချက်တဲ့အချိန်မှာလည်း ထိုအနည်းအတိုင်းပါပဲ။ စစချင်း ချက်ပြုတ်တဲ့အချိန်မှာတော့ အမှားအသေးအဖွဲလေးတွေ ပြုလုပ်မိပါလိမ့်မယ်။ ဒါပေမဲ့ ထိုအမှားတွေကို ချက်ချင်းပြင်ဆင်တတ်ရပါမယ်။ ဒါမှ အရသာရှိတဲ့ ဟင်းပွဲတွေကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဟင်းချက်တဲ့အခါမှာ အမှားအသေးအဖွဲလေးတွေရော အကြီးအမားတွေပါ မပြုလုပ်မိဖို့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဈေးပေါသော ဂျုံမှုန့်များ အသုံးပြုခြင်း

ဂျုံမှုန့်အမျိုးအစားများက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ ဂျုံမှုန့်တွေက အမြဲတမ်းသုံးနေစရာမလိုဘဲ ရံဖန်ရံခါ ကြော်လှော်မှသာ အသုံးပြုတာကြောင့် အကြော်စာကောင်းကောင်းစားချင်တယ်ဆိုရင်တော့ ဂျုံမှုန့်ကောင်းကောင်း အသုံးပြုရပါမယ်။

ရက်လွန်နေသော (သို့) အနံ့အသက်မကောင်းသော ဟင်းခပ်မှုန့်များကို အသုံးပြုခြင်း

ရက်လွန်နေသော ဟင်းခပ်ပစ္စည်းများက သင့်ရဲ့ ဟင်းလျာကို ပျက်စီးသွားစေနိုင်တာကြောင့် သင့်ရဲ့ ဟင်းခပ်အမွှေးအကြိုင်ပစ္စည်းက အောက်သိုးသိုးအနံ့ ထွက်နေပြီလား၊ ရက်လွန်နေပြီလားဆိုတာ သေချာစစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။

အစားအသောက်များကို အအေးမခံခြင်း

ကိတ်မုန့်များ၊ ကွတ်ကီးများ ဖုတ်ပြီးသွားတဲ့ ရေခဲသေတ္တာထဲ ချက်ချင်းမထည့်သင့်ပါဘူး။ အခြားပူတဲ့ အစားအစာများလည်း ထိုနည်းအတိုင်းပါပဲ။ (၁၀) မိနစ်လောက် အအေးခံပြီးမှသာလျှင် ရေခဲသေတ္တာထဲ ပြောင်းထည့်ပေးလိုက်ပါ။

စိတ်မရှည်ခြင်း

ဟင်းချက်တဲ့အခါ စိတ်ရှည်လက်ရှည်ရှိခြင်းက အဓိကအကျဆုံးပဲဖြစ်ပါတယ်။ စိတ်ရှည်မှသာ အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ ဟင်းလျာများကို ဟင်းလျာအညွှန်းထဲကအတိုင်း မိနစ်အတိအကျ ချက်ပြုတ်ပေးရမှာပဲဖြစ်ပါတယ်။

တုံးနေသော ဓားများကို အသုံးပြုခြင်း

တုံးနေသော ဓားများကို အသုံးပြုခြင်းထက် ဓားထက်ထက်လေးတွေ အသုံးပြုခြင်းက အသားငါးများ၊ ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးဝလံများ လှီးဖြတ်ရာမှာ ပိုမိုလျင်မြန်စေတာကြောင့် အချိန်ကုန်သက်သာစေမှာပဲဖြစ်ပါတယ်။

Source: thespruceeats.com