အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥ အာလူးဟင်းကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ချက်ပြုတ်စားရတာ ငြီးငွေ့နေသူများအတွက် အနောက်တိုင်းစတိုင်လ် ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • အာလူး ၁ ပေါင်ခွဲ (အခွံခွာပြီး အတုံးငယ်များ တုံးထားလိုက်ပါ။ အခွံမခွာချင်ပါကလည်း အဆင်ပြေပါတယ်။)
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်းစာ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ကြက်ဥ ၈ လုံး
  • ချိစ် စားပွဲတင်ဇွန်း ၁၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ Oven ထဲ ထည့်ထားနိုင်တဲ့ ဒယ်အိုးကို အပူပေးပြီးနောက် အာလူးထည့်ကာ နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။

၃။ နံနံပင်၊ ကြက်သွန်ဖြူ၊ ဆားနှင့်ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

၄။ ထို့နောက် ကြက်ဥ ဖောက်ထည့်ရန်အတွက် အာလူးကြားထဲတွင် အပေါက်လေးပေါက် ဖောက်ထားလိုက်ပါ။

ကြက်ဥများကို ထိုအပေါက်ထဲသို့ ဖောက်ထည့်လိုက်ပါ။

ပြီးရင်တော့ Oven ထဲတွင် ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၅။ ထို့နောက် ချိစ် အနည်းငယ် ဖြူးထည့်ကာ ချိစ်များ အရည်ပျော်သွားသည်အထိ Oven ထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် ပြန်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် ကြက်ဥ အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Lilluna.com