အားလုံးပဲ မင်္ဂလာပါ။ ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ အရသာရှိတဲ့ ချိစ် ခရမ်းချဉ်သီးမီးဖုတ် ဘယ်လိုလုပ်စားရမလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၄ လုံး
  • Mozzarella ချိစ် ပန်းကန်လုံးအသေး တစ်ဝက်စာ (စားပွဲတင်ဇွန်း ၈ ဇွန်း)
  • ခရမ်းချဉ်သီးဆော့စ် ပန်းကန်လုံးအသေး တစ်ဝက်စာ (စားပွဲတင်ဇွန်း ၈ ဇွန်း)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ခရမ်းချဉ်သီးရဲ့ ထိပ်ပိုင်း လေးပုံတစ်ပုံခန့်ကို လှီးဖြတ်လိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီးအတွင်းထဲရှိ ခရမ်းချဉ်သီးအစေ့များကို ကုန်စင်အောင် ဖယ်ထုတ်လိုက်ပါ။ ဒါဆိုရင်တော့ ခရမ်းချဉ်သီးခွက် ၄ ခွက် ရသွားပါလိမ့်မယ်။

၃။ ထို့နောက် ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ခရမ်းချဉ်သီးခွက် တစ်ခွက်ချင်းစီသို့ ထည့်ထားလိုက်ပါ။ အပေါ်မှာ Mozzarella ချိစ်လေး အုပ်လိုက်ပါ။

၄။ ပြီးရင်တော့ Oven ထဲတွင် ၁၀ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။ ဒါဆိုရင်တော့ ချိစ်လေးများက အရည်ပျော်သွားပြီး ခရမ်းချဉ်သီးကလည်း တင်းတင်းရင်းရင်းလေး ဖြစ်နေပါလိမ့်မယ်။

၅။ ထိုအခါ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်သို့ မြှင့်တင်လိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

ဒါဆိုရင်တော့ ချိစ်အနံ့ သင်းသင်းလေးနဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com