အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဝက်သားပြားကြော်ကို ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မှိုတို့နဲ့ အရသာရှိရှိ ဘယ်လိုကြော်စားမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ၄ ပြား
  • ကြက်ဥ ၁ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းခပ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပေါင်မုန့် အကြေအစ အနည်းငယ်

  • ခရမ်းချဉ်သီး ၄ လုံး (ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း အနည်းငယ်
  • မှို ၈ အောင်စ (ပါးပါးလှီးထားပါ)
  • ထောပတ်အနည်းငယ်နှင့် Heavy Cream အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက် ဖြင့် ကြိုတင် အပူပေးထားပါ။ ဝက်သားကို ပလပ်စတစ်နှစ်ခုကြားထဲ ညှပ်ပြီး အလေးတုံးနဲ့ ပြားအောင် ထုထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥကို မွှေခလောက်ပြီးနောက် နွားနို့ ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ အခြားပန်းကန်လုံးထဲမှာတော့ ဟင်းခပ်မှုန့်နဲ့ ပေါင်မုန့် အမှုန်များကို ရောမွှေထားလိုက်ပါ။

၃။ ဝက်သားပြားကို နွားနို့ရည်ထဲ ထည့်နှစ်ပြီးနောက် ပေါင်မုန့် အမှုန်များနဲ့ ကပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်အနည်းငယ်ထည့်ပြီး ထောပတ်အရည်ပျော်သွားပါက ဝက်သားပြားထည့်ပြီး ဝက်သားပြား အညိုရောင်ပြောင်းလာသည်အထိ နှစ်ဘက်စလုံး ကြော်ပေးရပါမယ်။

၅။ ကြော်ပြီးသား ဝက်သားပြားများကို Oven လင်ဗန်းထဲထည့်လိုက်ပါ။ ဝက်သားပြားဘေးနားတစ်ဝိုက်မှာ ပန်းဂေါ်ဖီအတုံးလေးများ ထည့်လိုက်ပါ။

၆။ ဒယ်အိုးထဲ ထောပတ်အနည်းငယ် ထပ်ထည့်ပြီး ထောပတ်အရည်ပျော်သွားပါက ခရမ်းချဉ်သီးနဲ့ မှိုတို့ ထည့်ကြော်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ ခရမ်းချဉ်သီး မှိုကြော်ကို ဝက်သားလင်ဗန်းထဲ ခပ်ထည့်ပြီးနောက် ခရင်မ်များ ဆမ်းထည့်လိုက်ပါ။

၈။ ထိုလင်ဗန်းကို ကြိုတင်အပူပေးထားတဲ့ Oven ထဲမှာ မိနစ် ၃၀၊ ၄၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

နောက်ဆုံးမှာတော့ စားချင်စရာ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဟင်းရွက်စုံ ဝက်သားပြားကြော် ရရှိသွားပါပြီ။ ထမင်းနဲ့ အရသာရှိရှိ တွဲဖက်သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com