ဟင်းသီးဟင်းရွက်ကြော်ကို ဟင်းအနေနဲ့သာမက သွားရေစာအဖြစ်ပါ စားသုံးချင်သူများအတွက် ပေါင်မုန့်ကပ် ပန်းဂေါ်ဖီကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ (အနေတော် အပွင့်များရအောင် လှီးဖြတ်ထားလိုက်ပါ)
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့်အကြေအစအနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ငရုတ်သီးဆော့စ်အချို စားပွဲတင်ဇွန်း ၂ ဇွန်း
  • မိရောနိစ် အနည်းငယ်
  • ဒိန်ချဉ် ၁၂၅ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကြက်ဥ ၂ လုံးကို ပန်းကန်လုံးထဲထည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်ထားပေးပါ။

ပန်းဂေါ်ဖီကို ကြက်ဥထဲထည့်လိုက်ပါ။

၂။ ထို့နောက် ပေါင်မုန့်အမှုန့်လေးများဖြင့် ပြန်ကပ်ပေးရပါမယ်။

၃။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူလေး ခံထားပေးလိုက်ပါ။ ထို့နောက် လင်ဗန်းထဲထည့်ကာ Oven ထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ဖုတ်ထားရပါမယ်။

၄။ ထိုအချိန်တွင် ဆော့စ် စပ်ပေးရပါမယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးဆော့စ်၊ မိရောနိစ်နှင့် ဒိန်ချဉ်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၅။ ပန်းဂေါ်ဖီများ ရွှေညိုရောင်ပြောင်းသွားပါက Oven ထဲက ထုတ်ပြီး ပန်းကန်ထဲပြောင်းထည့်ပါ။ ထို့နောက်စောစောက စပ်ထားသော ဆော့စ်များကို ပန်းဂေါ်ဖီပေါ်တွင် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com