အားလုံးပဲ မင်္ဂလာပါ။ ဟင်းသီးဟင်းရွက် များများစားသုံးခြင်းက ရောဂါကာကွယ်စေနိုင်တယ်လို့ ငယ်စဉ်ကတည်းက လူကြီးမိဘတွေ ပြောတာကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ဒါ့ကြောင့် ထမင်း ဟင်း စားတိုင်းမှာ ဟင်းရွက်တစ်မျိုးမျိုးကို အာဟာရမျှတမှုရှိအောင် ထည့်သွင်းစားသုံးလေ့ရှိကြပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ကြော်စားရတာ ငြီးငွေ့လာတဲ့ အချိန်မျိုးလည်း ကြုံရတတ်ပါတယ်။ အဲ့ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးနဲ့ ကင်စားကြည့်လိုက်ပါ။ ဥပမာအနေနဲ့ ပန်းဂေါ်ဖီကင် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ တစ်ပွင့် (အနေတော် အတုံးများ လှီးဖြတ်ထားပါ)
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့် အကြေအစအနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • မိရောနိစ် အနည်းငယ်
  • ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကြက်ဥများကို ဆား၊ ငရုတ်ကောင်းတို့ ထည့်ပြီး မွှေခလောက်ထားလိုက်ပါ။

၂။ ပန်းပွင့်များကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။

၃။ တစ်ဖန် ပန်းပွင့်များကို ပေါင်မုန့်အကြေအစေများနဲ့ ထပ်ကပ်ပေးရပါမယ်။

၄။ Oven ထဲထည့်မယ့် အကင်လင်ဗန်းပေါ်သို့ စက္ကူခံထည့်ထားလိုက်ပါ။ ထို့နောက် ထိုလင်ဗန်းပေါ်သို့ ပန်းပွင့်များ တင်ထားလိုက်ပါ။

၅။ ပန်းဂေါ်ဖီများကို ဟင်းချက်စပရေးဖြင့် ဖြန်းပြီးနောက် Oven ထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ကင်ထားလိုက်ပါ။

အချိန်ပြည့်သွားပါက Oven ထဲက ထုတ်ပြီး အအေးခံကာ မိရောနိစ် (သို့) ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com