ပါဝင်ပစ္စည်းများ
- ဘောစကိုင်းရွက်
- ပုဇွန်ခြောက် ၂ ဇွန်း (ထမင်းစားဇွန်း)
- ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ပုဇွန်ငပိ ဇွန်းတဝက် (လဖက်ရည်ဇွန်း)
Source: Blazing Hot Wok
- နံနံပင် အမြစ် ၃ ပင်
- မကျည်းရည် ၂ ဇွန်း (ထမင်းစားဇွန်း)
- ဆား အနည်းငယ်
- ငရုတ်သီးစိမ်း အတောင့်ရှည် ၂ တောင့် (၂ ခြမ်းခွဲထားပါ)
- ရေနွေး
ပြုလုပ်နည်း
အိုးထဲတွင် ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီး၊ ပုဇွန်ငပိ ၊ နံနံပင် အမြစ်တို့ကို ရေနွေးထဲတွင်ထည့်၍ မီးအေးအေးဖြင့် တည်ထားပါ။
ဟင်းအရည် ဆူလာလျင် မကျည်းရည် ၊ ငရုတ်သီးစိမ်း အတောင့်ရှည် ထည့်ပြီး တည်တားပါ။
ဟင်းအရည် ကျလာလျင် ဘောစကိုင်းရွက်များကို ခပ်ပါ။
အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။
အချိုမှုန့် ၊ ကြက်သားမှုန့် လုံးဝမပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar