တစ်ခါတလေ ပုစွန်ဟင်းချက်စားရတာ ငြီးငွေ့လာတတ်ပါတယ်။ အဆီအနှစ်တွေနဲ့ ထမင်းတွဲ စားရတာ အီလယ်လာတဲ့အခါမျိုးတွေ ကျန်းမာရေးအတွက်လည်း လိုက်ဖက်ညီ ကောင်းမွန်သော ပုစွန်ကင်နဲ့ အသီးအရွက်သုပ်လေးကို မျှတသောအာဟာရများပါဝင်တာကြောင့် လုပ်စားကြည်လိုက်ဦးနော်။
အသုပ်သုပ်ရန်ပါဝင်ပစ္စည်းများ
- ဂေါ်ဖီ – ၁/၂ ခွက် (ခပ်ပါးပါး မျှင်မျှင်လေးတွေ လှီးထားပါ)
- နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေးတွေလှီးထားပါ)
- ချယ်ရီ ခရမ်းချဉ်သီး – ၁ဝ လုံး
- ငရုတ်သီးစိမ်း – ၃ တောင့် (ခပ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
- ငရုတ်ပွစိမ်း – ၁/၂ (အရှည်လိုက်လေးတွေလှီးထားပါ)
- နှမ်းပဲငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
- သံပရာရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- နှမ်းနက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- (ပုစွန် နယ်နှပ်ထားရန် (Marinate the Prawn)
- ပုစွန်ထုပ်ကြီး – ၄ ကောင် (အခွံနှင့် ထက်ခြမ်းခြမ်းထားပါ)
- သံလွင်ဆီ – စားပွဲဇွန်း ၁ ဇွန်း
- Cajun မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း
- ဖန်ဇလုံကြီးထဲ ပုစွန်နယ်နှပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နယ်နှပ်ထားပါ။ ပုစွန်နယ်နှပ်ထားတုန်း ဖန်ဇလုံအကြီးထဲ သံပရာရည်နှင့် Japanese Sesame Soy Dressing များ ထည့်ပြီး ရော မွှေသွားအောင် ခလောက်ပါ။
- အာဗင်ကို အပူချိန် ၁၉ဝ ဒီဂရီလောက်ပေးထားပါ။ (မီးသွေးနှင့်ကင်မည်ဆိုလျှင် မီးသွေးမီးတောက်မှ ကင်ပါ)
- အာဗင်ထဲကင်ရန် ဘားတန်းစင်ပါသော အကင်ဗန်းပေါ် နယ်နှပ်ထားသော ပုစွန်ခြမ်းများစီတင်ပါ။ ပုစွန်နယ်နှပ်ထားသော ကျန်အရည်များကို စုတ်တံလေးဖြင့် သေချာပုစွန်ပေါ်သုတ်ပေးပါ။
- အာဗင်ထဲမှာ ပုစွန်များကို ၃-၄ မိနစ်လောက်ကင်ပါ။ အရောင် တက်လာလျှင် တစ်ဖက်လှည့်ပေးပြီး ၂ မိနစ်လောက်ထပ်ကင် ပါ။ အပြင်မှာ အနည်းငယ်အအေးခံပြီးမှ အရွက်သုပ်ဖြင့်တွဲစားပါ။
- အသုပ်သုပ်ရန် Japanese Dressing ဖန်ဇလုံထဲ အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး အရွက်ထဲ အရသာဝင်အောင် နယ်နှပ်ထားပါ။ ပြီးလျှင် ကင်(ဖုတ်) ထားသော ပုစွန်ဖြင့် တွဲစားပါ။