အားလုံးပဲ မင်္ဂလာပါ။ ထိုင်းအစားအစာ ကြိုက်နှစ်သက်သူတွေအတွက်ရော ထမင်းကြော် ကြိုက်နှစ်သက်သူတွေပါ လျှာလည်သွားစေမယ့် ထိုင်းစတိုင်လ် ပုစွန်ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ပန်းကန်လုံး ၁ လုံစာ (အခွံခွာထားပါ)
  • ပုစွန်ငါးပိ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထမင်း ပန်းကန်လုံး ၁ လုံးစာ
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥပြုတ် ၁ လုံး (အလှဆင်ရန်)
  • ကြက်သွန်မြိတ် အနည်းငယ် (အလှဆင်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်လိုက်ပါ။

၂။ ထို့နောက် ကြက်သွန်နီထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေကြော်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ထမင်းထည့်ကာ ကြက်သွန်နီ၊ ပုစွန်တို့နဲ့ သမအောင် မွှေကြော်လိုက်ပါ။

၄။ ထို့နောက် ငါးငံပြာရည်၊ ခရုဆီ၊ ပုစွန်ငါးပိနှင့် သကြားတို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပါ။ (ကြက်ဥ ဖောက်ထည့်ကာ မွှေကြော်ချင်လည်း ရပါသေးတယ်)

အရသာ အပေါ့အငန် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ပုစွန်ထမင်းကြော်တစ်ပွဲ ရရှိသွားပါပြီ။

ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ကြက်သွန်မြိတ်၊ ကြက်ဥပြုတ်များနဲ့ အလှဆင်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Siamsizzles.com