အားလုံးပဲ မင်္ဂလာပါ။ ကြာဇံကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ စင်ကာပူစတိုင်လ် ကြော်ထားတဲ့ ကြာဇံကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ဝ.၅ ပေါင် (အခွံခွာပြီး ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ကြာဇံခြောက် ၁ ထုပ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်နှင့် သကြား အနည်းငယ်
  • ကြက်ဥ ၂ လုံး (ဆားအနည်းငယ်ထည့်ကာ မွှေခလောက်ထားပါ)
  • ဝက်သား အနည်းငယ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလီးထားပါ)

  • ငရုတ်ပွအနီ တစ်ခြမ်း (အစေ့ကို ဖယ်ရှားပြီး ပါးပါးလှီးထားပါ)
  • ပဲလိပ်ပြာ လက်တစ်ဆုပ်စာခန့်
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အချောင်းလိုက် ပါးပါးလှီးထားေးသာ မုန်လာဥနီနှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၂ ပင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ဖြင့် သမအောင်ရောနယ်ကာ နှပ်ထားပါ။

၂။ ကြာဇံကို ပန်းကန်လုံးထဲထည့်ကာ ရေနွေးဖြင့် ၅ မိနစ်ခန့် စိမ်ထားပါ။

၃။ ကြက်သွန်ဖြူကို ပန်းကန်လုံးထဲထည့်ပြီးနောက် ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ပုစွန်ထည့်ကာ စက္ကန့် ၃၀ ခန့် အပူပေးလိုက်ပါ။ ထို့နောက် ဝက်သား၊ ကြက်သွန်နီထည့်ကာ နောက်ထပ် စက္ကန့် ၃၀ ခန့် ကြော်ပါ။ ငရုတ်ပွနှင့် ပဲလိပ်ပြာထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။ ထို့နောက် မုန်လာဥနီထည့်ပါ။ ဆားထည့်ကာ အရသာအပေါ့အငန် မြည်းကြည်ပါ။

ထို့နောက် ကြက်ဥကြော်ပန်းကန်ထဲ ပေါင်းထည့်ထားပါ။

၆။ တစ်ဖန် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ကြာဇံထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပါ။ ကျန်ရှိနေသော ငါးငံပြာရည် အနည်းငယ်ထည့်ပါ။ ထို့နောက် စောစောက ကြက်ဥကြော်အရောအနှောများထည့်ကာ သမအောင် ကြော်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ် ဖြူးထည့်ပါ။ နှမ်းဆီ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ စင်ကာပူစတိုင်လ် ကြာဇံကြော်လေး ရရှိသွားပါပြီ။

Source: Seriouseats.com